ပရိသတ်ကြီးရေ သရုပ်ဆောင် အိစိကွေးကတော့ ကလေးဘဝထဲကနေ ယနေ့ချိန်ထိ ပရိသတ်တွေနဲ့ ရင်းနှီးမှုရရှိခဲ့တဲ့ အားလုံးရဲ့အချစ်တော်လေးပဲ ဖြစ်ပါတယ်။ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေကို ရသမျိုးစုံပေးစွမ်းနိုင်ခဲ့တဲ့ အိစိကွေးက အခုချိန်မှာတော့ လူပျိုအရွယ်ကောင်လေးတစ်ယောက်အဖြစ် အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းနေဆဲ ဖြစ်ပါတယ်။ စိတ်ထားကောင်းတဲ့ အိစိက အလှူကုသိုလ်ပြုတဲ့နေရာမှာလည်း လက်မနှေးသူတစ်ယောက်ဖြစ်ပါတယ်။

အရွယ်နဲ့မလိုက်အောင် ပရဟိတစိတ်ဓာတ်ကြွယ်ဝပြီး ကုသိုလ်အလုပ်တွေ အမြဲပြုလေ့ရှိတဲ့ အိစိက အခုလည်း ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးမှာခြေထောက်ကျိုးဝေဒနာခံစားနေရတဲ့ အသက်၉၀ကျော်အရွယ် အမေကြီးအား ခြေထောက်နှစ်ဖက်လုံး ခွဲစိတ်ကုသဖို့ သူငယ်ချင်းတွေနဲ့ သွားရောက် လှူဒါန်းခဲ့ပါတယ်။ အိစိက သူငယ်ချင်းနှစ်ယောက်နဲ့အတူ ခြေထောက်တစ်ဖက်စာ ခွဲစိတ်ကြေးလှူဒါန်းခဲ့ပြီး မော်ဒယ်သရုပ်ဆောင် ထက်ထက်ထွန်းတို့က နောက်ခြေထောက်တစ်ဖက်စာကို လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။

အိစိက သူရဲ့အလှူပြုပုံရိပ်လေးတွေကို " အခုလို ကျွန်တော် အလှူလိုက်ခံတိုင်း မငြင်းပဲ ဝိုင်းဝန်းအားဖြည့် လိုက်လှူဒါန်းပေးတဲ့ အတွက် ကျေးဇူးပါ ။ သာဓုလည်းခေါ်ပါတယ် သာဓု သာဓု သာဓု ။ ချစ်ရတဲ့Fan တွေလည်း လှူဒါန်းမှုရဲ့ ကုသိုလ်အား ထပ်တူထပ်မျှရစေရန် သာဓုခေါ်နိင်ဖို့ ပုံလေးတွေ တင်ပေးလိုက်ပါတယ် " ဆိုပြီး ပရိသတ်တွေအတွက် ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင်အိစိကွေးတို့ သူငယ်ချင်းတစ်စုရဲ့ ကုသိုလ်ပြုပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Eisi Kway ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။