နန်းသီရိမော်ဆိုတဲ့ အနုပညာရှင်မလေးကတော့ ပရိသတ်တွေ ဝိုင်းအုံချစ်ရတဲ့ အနုပညာရှင်မလေးတစ်ဦးပါပဲ။

လတ်တလောမှာတော့ နန်းမော်ဟာ ပရိသတ်တွေနဲ့ အနည်းငယ်အဆက်အသွယ်ပြတ်နေသလိုဖြစ်နေပေမယ့် လူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာတော့ လတ်တလောပြုလုပ်နေတဲ့အရာလေးတွေကို ဖော်ပြေပေးတတ်သူတစ်ဦးပါပဲ။

နန်းမော်ဟာ လွန်ခဲ့တဲ့ လအနည်းငယ်က အိမ်ထောင်ရှင်မဘဝကို ကူးပြောင်းသွားသူလေးတစ်ဦးဖြစ်သလို သူမကိုအရမ်းချစ်တဲ့ ခင်ပွန်းကောင်းတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်။

အခုအချိန်မှာတော့ နန်းမော်ဟာ ချစ်ခင်ပွန်းရဲ့ ဦးဆောင်မှုနဲ့အတူ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအသစ်လေးတွေ စတင်အကောင်ထည်ဖော်လုပ်ကိုင်နေတာတွေ့ရပါတယ်။

ပရိသတ်တွေချစ်ကြတဲ့ နန်းမော်ဟာ ဆိုရင် အခုလိုရှေ့သွားနောက်လိုက်ညီတဲ့ လက်တွဲဖော်ကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားနိင်ပြီဆိုတာ့ နေ့စဉ်ဖြတ်သန်းရတဲ့ ဘဝလေးက ပျော်ရွှင်စရာတွေနဲ့ ပြည့်နှက်နေမယ်လို့ထင်ပါတယ်။

လက်ရှိမှာဆိုရင်လည်း နန်းမော်ဟာ အနုပညာအလုပ်တွေနဲ့ ဝေးကွာနေပေမယ့် ပရိသတ်တွေကိုတော့ သူမရဲ့နှလုံးသားထဲမှာ အမြဲတမ်းရှိနေတာပဲဖြစ်ပါတယ်။

နန်းမော်ကိုချစ်ကြတဲ့ ပရိသတ်တွေလည်း ကိုယ်ချစ်တဲ့အနုပညာရှင်လေးက သာယာပျော်ရွှင်ရတဲ့ အိမ်ထောင်လေးရေးကိုပိုင်ဆိုင်ထားနိုင်တော့ ပရိသတ်တွေလည်းပျော်ရွှင်ကြမယ်လို့ထင်မိပါတယ်။

နန်းသီရိမော်ဟာ အခုအချိန်မှာ မီဒီယာတွေရဲ့ စာမျက်နှာပေါ်မှာ အချိန်အနည်းငယ်ပျောက်ဆုံးနေတာကြောင့် ပရိသတ်တွေအမှတ်ရပြီး ဆက်ချစ်နေနိုင်ဖို့အတွက် နန်းမော်ရဲ့အကြောင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။ 

source - Nan Thiri Maw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။