မိစန္ဒီကတော့ မြန်မာနိုင်ငံရဲ့ Female Rapper တစ်ယောက်ဖြစ်ပြီး သူမရဲ့အမိုက်စားသီချင်း တွေကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်ခဲ့တဲ့ ဂီတအနုပညာရှင် တစ် ယောက်ဘဲ ဖြစ်ပါတယ် ။ လတ်တလောမှာတော့ သူမထွက်ရှိမယ့် အယ်လ်ဘမ်အသစ် အတွက် Music video တွေရိုက်ကူးနေတာဖြစ်ပြီး ဆန်းပြားပြီး ပရိသတ်သဘောကျမယ့် ပုံစံမျိုးလေးတွေ ရိုက်ကူးနေတယ်လို့သိရပါတယ် ။

အခုလက်ရှိမှာတော့ သူမရဲ့သီချင်းတွေထဲက တစ်ပုဒ်ဖြစ်တဲ့ " မဟာကံထူးရှင် " ဆိုတဲ့ သီချင်းကို music video ရိုက်ကူးနေတာဖြစ်ပြီး အမိုက်စား music video တစ်ခုလို့ဆိုရမှာ ပါဘဲ ။ မော်ဒယ် ကောင်လေးတွေရဲ့ကြားထဲမှာ အနက်ရောင်ဂါဝန်ရှည်ကြီးနဲ့ မဟာကံ ထူး ရှင်ဆိုတဲ့ စလွယ်ကို လွယ်ထားတဲ့သူမရဲ့ ပုံစံက တော့ အမိုက်စားပါဘဲ ပရိသတ်ကြီးရေ .. ။ဘယ်လိုတွေရိုက်ကူးထားပြီး ဘယ်လိုတွေ ပရိသတ်ကို ချပြမလဲဆိုတာကတော့ တကယ်ကို စိတ်လှုပ်ရှားစရာပါဘဲနော် ။

သူမဟာ လူငယ်တစ်ယောက်ပီပီ ယနေ့ခေတ်လူငယ်တွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းရာတွေကိုသာ ရေးသားသီဆိုတတ်လို့ လူငယ် တွေကြားမှာ ရေပန်းစားခဲ့တဲ့ အဆိုတော် တစ်ယောက်ဖြစ်ခဲ့တာပါ ။ ပစ်တိုင်းထောင်လေးကိုချစ်တဲ့ ပရိသတ်တွေကလည်း သူမရဲ့ခွေလေးထွက်လာရင် အမိုက်စား music video တွေပါမှာမလို့ ရင်ခုန်စွာနဲ့စောင်ေ့ မျှာ်အားပေးကြပါဦးနော် ။

Source : Mi Sandi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။