ဂီတလောကမှာ ဆယ်စုနှစ်ကတည်းက လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ ပြည်သူချစ် အနုပညာရှင်ကတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ပါပဲ..။

စိုင်းစိုင်းကတော့ မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားသလို ယောင်္ကျားလေးပရိသတ်တွေရဲ့ အားကျချစ်ခင်မှုတွေကိုလည်း ရရှိထားပြီး ယနေ့အချိန်ထိ သူ့ရဲ့အောင်မြင်မှုတွေကို ဆက်လက်ထိန်းထားနိုင်သူပဲ ဖြစ်ပါတယ်..။

စိုင်းစိုင်းရဲ့ ရှိုးပွဲတိုင်းလိုလိုမှာ ပရိသတ်တွေရဲ့ ရုံပြည့်ရုံလျှံအားပေးကြမ်းမှုရှိခဲ့ပြီး လာမယ့် အောက်တိုဘာ(၁၄)ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် သူ့ရဲ့ရှိုးပွဲအတွက် လက်မှတ်ကြိုတင်ရောင်းချမှုကလည်း နာရီပိုင်းအတွင်း အားလုံးရောင်းကုန်သွားတာမို့ ပရိသတ်တွေရဲ့ အားပေးကြမ်းမှုတွေကတော့ အံ့မခန်းပါပဲ..။

အောင်မြင်တဲ့ အနုပညာရှင်ဆယ်လီတစ်ဦးဖြစ်တဲ့ အတိုင်း ပြည်သူပရိသတ်တွေရဲ့ အမြဲစောင့်ကြည့်မှုတွေကို အများဆုံးခံနေရပြီး ဝေဖန်တိုက်ခိုက်မှုတွေအမျိုးမျိုးနဲ့ ပရိသတ်တွေရဲ့ စနောက်မှုတွေကို စိတ်မဆိုးတတ်တဲ့ ပရော်ဖက်ရှင်နယ် အနုပညာရှင်တစ်ဦးပီသမှုတွေကလည်း ပရိသတ်တွေ အမြဲ အားပေးအချစ်ပိုနေရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါပဲ မဟုတ်လား..။

ကိုယ်တိုင်ကလည်း ပျော်ပျော်နေတတ်သူတစ်ဦးဖြစ်သလို ခုတစ်ခါမှာလည်း သူရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ဓာတ်ပုံလေးတစ်ပုံတင်ပြီး ပရိသတ်တွေကို စနောက်ကျီစယ်လိုက်တာ တွေ့ရပါတယ်..။

“မကြံကောင်းမစည်ရာ

သီတင်းကျွတ် လာကန်တော့ဖို့စဉ်းစားနေတဲ့ ကောင်မလေးတွေ ဒီမယ်ကြည့်

( အမှန်တကယ်ကိုက်ကြောင်းအာမခံပါသည် )..” ဆိုပြီး အချစ်တော်ခွေးလေးတွေရဲ့ ပုံလေးတွေတင်ပြီး ပရိသတ်တွေကို စနောက်လိုက်တာပဲ ဖြစ်ပါတယ်..။

Photo - စိုင်းစိုင်းခမ်းလှိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။