ငှက်ပျောကျော် ဆိုတာနဲ့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေတဲ့ ဟာသလူရွှင်တော် တစ်ယောက် ဇာတ်ပို့တစ်ယောက်ဆိုတာ ပရိသတ်တွေ တွဲမြင်ပြီးဖြစ်မှာပါနော် ။

အခုလတ်တလောမှာတော့ ငှက်ပျောကျော်နဲ့ ပတ်သတ်တဲ့ ကောလဟာလတွေ ထွက် ပေါ်နေ ပါတယ် ။

အဲဒီကောလဟာလ တွေမှာ ငှက်ပျောကျော်တစ်ယောက် အသက်ငယ် ငယ် ကောင်မလေးနဲ့ ဖောက်ပြန်နေတယ်လို့ pageတစ်ခုက ပုံနဲ့တကွရေးသား ဖော်ပြခဲ့ တာ ဖြစ်ပါတယ် ။

အဲဒီ ကောလဟာလနဲ့ပတ်သတ်ပြီး ငှက်ပျောကျော်ရဲ့ ဇနီးဖြစ်သူ မနေဇာဘုန်းမြင့်က ပြန်လည်ဖြေရှင်းခဲ့ပါတယ် ။

သူ့ဇနီးကတော့ ဦးငှက်ကို စမောဆွဲနေတယ်ဆိုပြီး အပုတ်ချနေကြပေမယ့် အဲ့ဒီပုံက အောင်ပန်းမှာ ကားရိုက်နေရင်း ကလေးမက အနုပညာရှင်တွေ အားလုံးနဲ့ တွဲရိုက်ထားတဲ့ ၊ ပုံတွေထဲက ပုံ တစ်ပုံပါလို့ ပရိသတ်တွေကို ရှင်းပြခဲ့ပါတယ် ။

သူမယောက်ျားကို ကြိုက်တာလုပ် နားလည်ထားပေမယ့် အခုလို မဟုတ်က ဟုတ်က စွတ်စွဲပြောဆိုနေကြတာကို အပျော်ဟာ အပျော်ပဲလေ နံပတ်တစ်ဆိုတာ အမြဲတမ်း ၁ ပဲ ၊ သေတဲ့ထိရော သေပြီးနောက်ရော ပြောင်းသွားမှာမှ မဟုတ်တာ လို့ သူမရဲ့လူမှုကွန်ယက် စာမျက်နှာကနေတစ်ဆင့် ရှင်းလင်းရေးသားခဲ့ပါတယ် ။

အနုပညာရှင်ရယ်လို့ ဖြစ်လာရင် ဝေဖန်မှုတွေနဲ့မကင်းပေမယ့်လည်း ပြည်သူတွေကို အမြဲပျော်ရွှင် ရယ်မောစေတတ်တဲ့ တကယ့် ဝါရင့်ဟာသအနုပညာရှင်တစ်ယောက်ကို အခုလိုမ ဟုတ်မမှန် အပုတ်ချပြောဆိုတာ တကယ်ကိုရှက်စရာကောင်းတဲ့လုပ်ရပ်တစ်ခုပါ ။ ချစ်ပရိသတ်ကြီးလည်း ဦးငှက်ရဲ့ရိုးသားမှုကို ယုံကြည်ပြီး ဆက်လက်အားပေးကြပါဦး လို့တိုက်တွန်းလိုက်ပါရစေနော် ။

Source : Nayzar Phone Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။