မြန်မာနိုင်ငံ ရဲ့ မော်ဒယ်လ်တွေထဲကမှ အရမ်းကို Confident ရှိပြီး အရမ်းကို Fashionable ဖြစ်တဲ့ လက်ရှိမှာလည်း အရမ်းကို နာမည်ကြီးနေတဲ့ International Model မလေး သက်သက်သင်းဆိုရင် ပရိသတ်များ သတိထားကြမယ် ထင်ပါနော်။ အရပ်(၅)ပေ (၉) လက်မရှိပြီး International Model လောကကိုပါ ထိုးဖောက်နိုင်တဲ့ သူမကတော့ Elite Model Management Manila ရဲ့ Professional မော်ဒယ်တစ်ယောက် ၊ We Are JEM ရဲ့ မော်ဒယ်လ်တစ်ယောက်ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရဲ့ WM Models တွေထဲက တစ်ယောက်ဖြစ်သလို လက်ရှိ မှာ ဖိလစ်ပိုင် နိုင်ငံမှာ နေထိုင်ပြီး International Model တစ်ယောက်အဖြစ် သူမရဲ့ ဘဝကို ကြိုးစားနိုင်ခဲ့သူလို့ ဆိုရမှာပါ။ Asia's Next Top Model (season 6) ရဲ့ အရမ်းကို Hot ဖြစ်တဲ့ မော်ဒယ်လ်တွေထဲက တစ်ယောက် ဖြစ်သလို သူမရဲ့ ကြိုးစားမှုတွေကို နိုင်ငံတကာမှာသာ မက မြန်မာနိုင်ငံမှာပါ မကြာခဏ လုပ်ဆောင်နေသူလေး လို့ဆိုရမှာပါ။

မြန်မာနိုင်ငံသူလေးဖြစ်ပေမဲ့လည်း နိုင်ငံတကာ မော်ဒယ်လ်တွေနဲ့ တန်းတူ ရင်ဘောင်တန်းကာ ကြိုးစားခဲ့နိုင်တဲ့ သူမကတော့ Asia's next Top Model (Season 6)မှာ အရမ်းကိုHotဖြစ်ခဲ့တဲ့ မော်ဒယ်လ်တစ်ယောက်ဖြစ်လို့ သူမကိုပိုလို့ လူသိများစေခဲ့ပါတယ်။ လက်ရှိမှတော့ သူမဟာ ဖက်ရှင်လ်ရှိူးပွဲ တစ်ခုအတွက် တရုတ်နိုင်ငံ၊ ဟောင်ကောင်မြို့ကို သွားရောက်နေပြီ ဖြစ်သလို သူမရဲ့ လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းကောင်းတွေ ဖြစ်တဲ့ သူငယ်ချင်းအကြောင်းကိုလည်း မျှဝေခဲ့ပါသေးတယ်။

သူမရဲ့ ဘဝမှာ ရယ်စရာလည်းကောင်း ချစ်စရာလည်းကောင်းတဲ့ အမှတ်တရ အဖြစ်အပျက်တစ်ခုအဖြစ် ဘယ်တော့မှ မမေ့နိုင်သလို သူမ ပါတီပွဲတစ်ခုတက်ပြီး အပြန်မှာ အရမ်း ကို ဂရုစိုက်ပေးခဲ့တဲ့ သူငယ်ချင်းမလေးတွေ အကြောင်းကိုInstagram ကနေ ပြန်လည်မျှဝေထားတာဖြစ်ပါတယ်။ သူမနဲ့ အတူတူနေတဲ့ သူငယ်ချင်းမလေးတွေက သက်သင်း ပါတီပွဲတစ်ခုက အပြန်မှာ " ကျမက အရမ်းမူးနေခဲ့တယ်။ ကျမရဲ့ သူငယ်ချင်းမလေးတွေက ကူညီခဲ့ပါတယ်။ Dana Slosar နဲ့ Jachin Manere က ကျမကို ရေချိုးပေးတယ်။ yihansi ဆိုတဲ့ တရုတ်မလေးက ကျမကို အိပ်ယာထဲကို အရောက်ပို့ပေးတယ်။ Mia Sabathy ကတော့ ကျမ မျက်နာကို သန့်စင်ပြီး skincare တွေလိမ်းပေးဖို့ လုပ်ခဲ့တယ်လေ။ ကျမ အမြဲတမ်း မှတ်မိနေတယ်။ ဒါကြောင့်လဲ အိမ်မှာနေရတာ အရမ်းကြိုက်မိတာ ထင်ပါတယ် လို့ သူမရဲ့ ချစ်ဖို့ကောင်းတဲ့ BFFတွေ အကြောင်းကို ပြန်လည် ပြောပြထားတာပါ။ ပရိသတ်တွေလည်း ဒီလို BFFတွေ ရှိရင် မန်ရှင်းခေါ်သွားပါဦး နော်...။

source: thetthetthinn instagram;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။