Myanmar idolရဲ့ winnerဖြစ်သလို ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်နေတဲ့ သားငယ်ကတော့ ယခုမှာ ချစ်စရာကောင်းတ့ ဇနီးချောလေးနဲ့အတူ ကြည်နူးစရာကောင်းတဲ့ ဘဝတစ်ခုကိုတည်ဆောက်ထားပါတယ်။ သားငယ်တို့ဇနီးမောင်နှံကတော့ တစ်ယောက်နဲ့တစ်ယောက်မရိုးနိုင်အောင်စနောက်နေကြပြီး အချစ်တွေပိုခဲ့ကာ အမြဲပျော်ရွင်နေခဲ့ပါတယ်။ 

ယနေ့မှာတော့ သားငယ်တစ်ယောက် ဇနီးချောလေးရဲ့ စနောက်တာခံလိုက်ရပြီး စမီးလေးဖြစ်သွားခဲ့ပါတယ်။ သားငယ်အိပ်နေတုန်း ဇနီးချောလေးက နှုတ်ခမ်းနီ ဆိုးပေးခဲ့သလို အိုင်းလိုင်နာတွေဆိုးပေးခဲ့ပါတယ်။ သားငယ်ကတော့ " စမီးလေး " ဆိုပြီးပြောထားခဲ့တာပဲဖြစ်ပါတယ်။ သားငယ်ကတော့ဇနီးလေးရဲ့ စနောက်တာခံလိုက်ရပေမဲ့လဲ အပြုံးမပျက်ဘဲ အချစ်တွေပဲပိုခဲ့ရပါတယ်။ 

သားငယ်ကတော့ " မိုးတွင်းဆိုတော့ ပွဲရှိတာလေးဆိုတယ် Record လေးသွင်းနေတယ် ဝေဖန်မှုတွေအပေါ်မှာတော့ သည်းခံပါတယ် Facebookမှာ ဆဲပြီးတော့ အပြင်မှာ တွေ့ရင် ပြုံးပြနေတဲ့သူတွေ အများကြီးပဲ ကျွန်တော်လဲ Facebookသုံးပါတယ် ပရိသတ်တွေကို Facebookသုံးတာ အချိန်နဲ့ သုံးစေချင်တယ် " ဆိုပြီး Myanmarload TVမှာ ဖြေကြားခဲ့ပါတယ်။ 

SOURCE: THARNGE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။