ပရိသတ်ကြီးရဲ့ အချစ်တော် ဖြိုးမြတ်အောင်တစ်ယောက် အခုရက်ပိုင်းမှာ အနုပညာအလုပ်တွေပိုပြီးခြေလှမ်းစိတ်လာနေပါတယ်။ အခုတစ်ခေါက်မှာ ဖြိုးမြတ်အောင် တစ်ယောက် ပိုပြီး ခေတ်မှီ ဖက်ရှင်ကျတဲ့ အပြင်အဆင်တွေနဲ့ ပရိသတ်တွေရဲ့အသည်းနှလုံး တွေကို ကိုင်လှုပ်ဖို့ပြင်ဆင်နေခဲ့တာကိုတွေ့ရပါတယ် ။

မကြာမှီဝါကျွတ်တော့မှာဖြစ်တဲ့အတွက် ဖြိုးမြတ်အောင်တစ်ယောက် အမျိုးသမီးတွေရဲ့ စိတ်ကူးအိမ်မက်ထဲက သတို့သားလေးတစ်ယောက်အဖြစ် အသွင်ပြောင်းပြီး ဓါတ်ပုံအရိုက်ခံခဲ့တာပါ ။ နာမည်ကြီး ဒါရိုက်တာ နဲ့ ဓါတ်ပုံဆရာ တစ်ယောက်ဖြစ်တဲ့ ဆရာမိုးကိုဦးရဲ့ စတူဒီယိုမှာ ဖြိုးမြတ်အောင်တစ်ယောက် ရှေးခေတ်က သတို့သား ပုံစံလေးနဲ့ ဓါတ်ပုံအရိုက်ခံနေတာလေးက ချစ်စရာလေးပါ ။

ပရိသတ်တွေကတော့ ဖြိုးမြတ်အောင် ရဲ့ Live မှာ သူတို့ ရဲ့ ဒေသတွေမှာ ဖျော်ဖြေဖို့ဖိတ်ခေါ်တာတွေ ပြုလုပ်ခဲ့ကြပါတယ် ။ ဒါတွေတင်မကသေးပါဘူး ၊ သရုပ်မဆောင်တတ်သေးတဲ့ ဖြိုးမြတ်အောင်အတွက် ဘယ်လို အလန်းစားပိုစ်တွေပေးရမယ်ဆိုတာ ကိုလည်း မှတ်ချက်ပေးခဲ့ကြပါသေးတယ် ။ ဖြိုးမြတ်အောင်ကတော့ ထုံးစံအတိုင်း 7 အမှတ်အသားလေးနဲ့ ပရိသတ်တွေကို အလန်းစားပိုစ်လေးနဲ့ ပဲတွေကျွေးလိုက်ပါသေးတယ် ။ ပရိသတ်ကြီးရေ ဖြိုးမြတ်အောင်တစ်ယောက် အမျိုးသမီးတိုင်းရဲ့ အိမ်မက်ထဲက သတို့သားလေးတစ်ယောက် ဖြစ်နိုင်မဖြစ်နိုင် မှတ်ချက်မှာ ပြောပြခဲ့ဖို့ မမေ့ကြပါနဲ့ နော် ။

Source - Photo Moe Ko Oo - Wedding Myanmar - One Stop Professional Wedding Services 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။