အဖုအပိတ်ရောဂါတစ်မျိုးကြောင့် အခတ်တွေ့နေရတဲ့ မုံရွာမြို့နေ ဆရာတော်တစ်ပါးရဲ့ ဖြစ်စဉ်ကတော့ လက်ရှိ ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် ပြန့်နှံ့လျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ဆရာတော်ကတော့ မုံရွာမြို့ကွေ့ကြီးရပ်ရာပြည့်လမ်းနှင့် မေတ္တာလမ်းဇနကာရုံကျောင်းတိုက်မှာ သတင်းသုံးနေတဲ့ ဆရာတော်တစ်ပါးပဲဖြစ်ပါတယ်။ ဆရာတော်ရဲ့ ရောဂါအခြေနေကတော့ ကုသနိုင်ရန်အဆင်ရမရကို လေ့လာနေပြီး ခွဲစိတ်ကုသနိုင်ရန်အလှူငွေကို အလှူငွေကောက်ခံခဲ့တာတွေ့ရပါတယ်။  

လက်ရှိ ဆရာတော်ရဲ့ရောဂါကိုကုသနိုင်ရန် နေပြည်တော်မြို့ရှိ ဇဗ္ဗူသီရိဆေးရုံအဆောင် ၁၀ အခန်း ၅၀၅ မှာ တက်ရောက်ကုသလျှက်ရှိတာတွေ့ရပါတယ်။ ဆရာတော်ရဲ့ ရောဂါကို ကုသနိုင်ရန်အလှူငွေကောက်ခံခဲ့ပြီး လက်ရှိမှာတော့ စုစုပေါင်း သိန်းရှစ်ဆယ် ခုနှစ်သောင်း ငါးထောင်(၈၀၇၅၀၀၀)ရရှိနေပြီဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ အလှူငွေတွေကတော့ ကျောင်းကို လာရောက်လှူဒါန်းမှုမှ ၄၇၆၀၀၀ရရှိခဲ့ပြီး အခြားအလှူငွေတွေကတော့ ခုနှစ်ရက်သားသမီးများကောင်းမှုမှရရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။  

လက်ရှိ အဆိုပါကောက်ခံရရှိခဲ့တဲ့အလှူငွေတွေကို ဇနကာရုံကျောင်းထိုင်ဆရာတော် တစ်ဦးကို အပ်ထားပြီး နေပြည်တော်မှာဆေးကုသနိုင်ဖို့ ပင့်ဆောင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဆရာတော်ရဲ့ ကျန်းမာရေးအမြန်ဆုံးပြန်လည်ကောင်းမွန်လာအောင် ပရိသတ်တွေနဲ့အတူ ဆုတောင်းပေးလိုက်ပါအုန်းနော်။

Photos - Nay Myo Swe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။