လက်ရှိနိုင်ငံတော်တော်များများမှာတော့ Black Pink လို့ပြောလိုက်တာနဲ့ မသိတဲ့ သူခပ်ရှားရှားပါပဲ။

Black Pink အဖွဲ့ကတော့ ကိုရီးယားနိုင်ငံကနာမည်ကျော်လှတဲ့ YG Entainment ကနေ မွေးထုတ်ပေးခဲ့တဲ့ K pop တေးဂီတအဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။

Black Pink ဂီတအဖွဲ့ထဲမှာမှ Lisa လို့ခေါ်တဲ့ မိန်းမလှလေးတစ်ဦးကတော့ လူမှုကွန်ယက်ပေါ်မှာ ပရိသတ်တော်တော်များများရဲ့ သဘောကျ ချစ်ခင်မှုတွေကို ရရှိနေပါတယ်။  

Lisa ကိုတော့ ပရိသတ်အချို့က ကိုရီးယားနိုင်ငံသူလေးတစ်ယောက်လို့ထင်မြင်ကြပေမယ့် သူမဟာ 1997 ခုနှစ March လ 27 ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မွေးဖွားခဲ့တဲ့ ထိုင်နိုင်ငံသူလေးတစ်ဦးပဲဖြစ်ပါတယ်။

Lisa ဟာ အသက် ၁၄ နှစ်အရွယ်မှာထဲက YG Entairnment ကိုရောက်ရှိလာခဲ့ပြီး အခုအချိန်မှာတော့ သူမရဲ့အသက်ဟာ ၂၁ နှစ်ရှိနေပြီပဲဖြစ်ပါတယ်။

Lisa ဟာငါးနှစ်ကျော်လောက် ကျိုးစားလေ့ကျင့်မှုတွေပြုလုပ်ပြီးခဲ့အခါမှာတော့ Balck Pink အဖွဲ့ရဲ့ Leader အနေနဲ့သာမက အဓိက အကသမားအဖြစ်နဲ့ပါ လုပ်ဆောင်နေတာပါ။ 

အသားဖြူဖြူ ချစ်ဖို့ကောင်းတဲ့ Rapper မလေးလို့ နာမည်ကြီးတဲ့ Lisa ကတော့ ကိုရီးယားဘာသာစကား ၊ထိုင်းဘာသာစကား ၊ ဂျပန်ဘာသာစကားနဲ့ အင်္ဂလိပ်ဘာသာစကားကိုပါ ကျွမ်းကျင်စွာပြောဆိုနိုင်သူလေးတစ်ဦးပါပဲ။

Lisa ကတော့ အဖော်အချွတ်တွေဝင်ဆင်တာလည်းမရှိသလို မနာလိုဝန်တိုစိတ်တွေလည်း လုံးဝမရှိတဲ့ အနုပညာရှင်မလေးတစ်ဦးဆိုလည်းမမှားနိုင်ပါဘူး။

Thai Princess လို့လည်း တင်စားခေါ်ဝေါ်ခံရတဲ့ Lisa ကိုတော့ တကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ချစ်ခင်နှစ်သက်သူတွေများ မြောက်များစွာ ရှိနေတာပဲဖြစ်ပါတယ်။

သူမရဲ့အမူအရာလေးတွေ ၊ သီချင်းဆိုပုံလေးတွေက ဘယ်လောက်တောင်ချစ်ဖို့ကောင်းလဲဆိုတာကတော့ အောက်က ဗီဒိယိုလေးကိုသာ ကြည့်လိုက်ပါတော့ ပရိသတ်ကြီးရေ။

source - K Profiles

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။