အိပ်မက်စုံရာကနေ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ ဝိုင်းလေးတစ်ယောက်က တော့ အခုဆို ပရိသတ်လက်ခံအားပေးနေတဲ့ နိုင်ငံကျော် အဆိုတော် တစ်ယောက်ဘဝနဲ့ ရပ်တည်နေနိုင်ပြီဖြစ်ပါတယ် ။ အနုပညာအလုပ်တွေ လုပ်ကိုင်ရင်း အနုပညာလောကထဲက ခင်ဝင့်ဝါနဲ့စိတ်တူကိုယ်တူ သူငယ်ချင်းတွေ ဖြစ်ခဲ့ပြီး trip တွေ လည်း အတူတူသွားနေကြတာ ပရိသတ်ကြီး သိမှာပါနော် ။

လတ်တလောမှာတော့ သူမရဲ့ BFF ဖြစ်တဲ့ ခင်ဝင့်ဝါနဲ့အတူ ထိုင်းနိုင်ငံကို အလည်အပတ် ရောက်ရှိနေတာ ဖြစ်ပြီး သူငယ်ချင်းနှစ်ယောက် ပျော်ရွှင်စွာလည်ပတ် ဆော့ကစားနေ ကြတဲ့ ပုံတွေကို ပရိသတ်တွေမျှဝေထားတာတွေ့ရပါတယ် ။ ဒါပေမယ့်မကြာသေးမီကတော့ သူမတို့သရဲခြောက်ခံခဲ့ရဟန်တူပါတယ် ။ နောက်တစ်နေ့မနက်မှာတော့ " သရဲခြောက်ခံရပြီး မနက်ခင်း လန်းဆန်း" ဆိုတဲ့ စာသားနဲ့အတူ သူမရဲ့လန်းဆန်းပြီး တက်ကြွနေတဲ့ အလှပုံရိပ် လေးတွေကို သူမရဲ့လူမှုကွန်ယက်ကနေတစ်ဆင့် ဖော်ပြခဲ့ပါတယ်

ပရိသတ်တွေကတော့ သူမကို ဘယ်လိုသရဲခြောက်ခံရတာလဲ လို့ ဝိုင်းမေးနေကြပေမယ့် သူမကတော့ တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်းမရှိပါဘူး ။

သူမရဲ့သရဲခြောက်ခံခဲ့ရတဲ့အတွေ့ကြုံလေးကို Share ပါဦးလို့ ဝိုင်းပြောနေကြတဲ့အထိ ပရိသတ်တွေကတော့ စိတ်ဝင်စားနေကြပါတယ် ။

ကဲ ဝိုင်းလေး သရဲခြောက်ခံခဲ့ရတဲ့ အကြောင်းရင်းကို ရှင်းမပြခင် သူမရဲ့ လန်းဆန်းတက်ကြွ နေတဲ့ပုံရိပ်လေးတွေနဲ့ သတ္တိခဲမလေး ဝိုင်းလေးရဲ့ပုံရိပ်တွေကို တစ်ဆင့်ပြန်လည် ဖော်ပြပေးလိုက်ပါတယ်နော် ။

Source : Wine Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။