ဒီနှစ်ကံကြမ္မာ သင့်အတွက် ပြောင်းလဲမှူ လွဲချော်မှူ များဖြစ်ပေါ်စေပါတယ်။

ဝင်ငွေ ထွက်ငွေ မမျှမတဖြစ်ပေါ်ပြီး ငွေကုန်ကြေးကျ များနေမယ့် နှစ်တစ်ခုပဲဖြစ်ပါတယ်။

ရပ်ဝေးခရီး သွားရတတ်ပြီး ခရီးမှပြန်လာတိုင်း နေမကောင်း ထိုင်မကောင်းဖြစ်တတ်ပါတယ်။

မပြီးမပြတ်သော ကိစ္စများနဲ့ရှုပ်ထွေးနေမယ့် ကိစ္စများလည်း မကြာမကြာ သင့်ထံသို့ရောက်လာတတ်ပါတယ်။

လူတစ်ဦးတစ်ယောက်အား ငွေချေးခြင်း/ယူခြင်း စတဲ့ငွေကြေးနဲ့ပတ်သတ်ပြီး အရှုပ်အရှင်းပေါ်တတ်ပါတယ်။

အလုပ်အကိုင်တွင်လည်း ငွေကြေးကြောင့် လုပ်ငန်း နှေးကွေးတတ်ပါသည်။

သမီးရည်းစား အချစ်ရေးအနေနဲ့ မိမိပြတ်သွားသော ရည်းစားအဟောင်းများ ပြန်လည် ဆက်သွယ် လာနိုင်သလို လက်ရှိချစ်သူနဲ့လည်း ကွဲမလို ကွာမလိုဖြစ်ပေါ်တတ်ပါတယ်။

ကျန်းမာရေးမှာ ကြီးကြီးမားမားမဖြစ်နိုင်ပေမယ့် ရောဂါသေးသေးဖွဲဖွဲ များ မကြာခဏဆိုသလို ဖြစ်ပေါ်တတ်ပါတယ်။

နေအိမ်တွင် လျှပ်စစ်မီး ဝါယာမီးလျှော့ဖြစ်ခြင်းမျိုးကြုံရတတ်ပါတယ်။

မိမိ အနောက်ဖက်အခြမ်းမှာ ၇ လပိုင်း ၈လပိုင်းတွင်နာရေးပေါ်လာတတ်ပါတယ်။

မောင်နှမသားချင်းထဲက ရာထိုး/လစာတိုးကိန်းရှိတတ်ပြီး အိမ်ထောင်သည်များ မိမိအမျိုးသား အစိုးရဝန်ထမ်းဖြစ်ပါက မုချရာထူးတိုးကိန်းရှိသည်။

ပညာရေးမှာစိတ်မပါခြင်း စိတ်လေခြင်းကြောင့် အနှောက်အယှက်ကြီးကြီးမားမား တွေ့ကြုံနိုင်ပါသည်။

ဒီနှစ်တစ်နှစ်လုံး စကားဗလောင်းဗလဲ ပြောတတ်သူများနဲ့သာ တွေ့ကြုံရမည်။

တစ်နှစ်တာလုံးမှာ သင့်ရဲ့ကံကြမ္မာဟာ အဆိုးအကောင်း တစ်ဝက်စီဒွန်တွဲနေပါသည်။

သြင်္ကန်ကျော်ပြီး ၄၅၆လပိုင်းများဟာ ကောင်းသောလများဖြစ်၍ အရေးကြီးကိစ္စများ ဆောင်ရွက်ရန်သင့်တော်တဲ့ကာလဖြစ်ပါသည်။

မိတ်ဆွေအပေါင်း အသင်းတစ်ဦးဆီက လက်ဆောင်ရတတ်ပါတယ်။အ့လိုများ ရလာခဲ့ရင် ထိုပစ္စည်းကို တစ်ယောက်ယောက်ကို ပြန်ပေး ပေးတဲ့နေ့ ထီထိုးလိုက်ပါ ထီပေါက်တတ်ပါသည်။

ယတြာ-လစဉ်မိမိမွေးနေ့တိုင်းမြတ်စွာဘုရားကို မုန့်ဟင်းခါးလှုပါ။

ငွေကြေးကံကောင်းစေရန်-ကားသမားပြန်အမ်းသောငွေကို အဆောင်အဖြစ်မသုံးဘဲ ပိုက်ဆံအိတ်ထဲဆောင်ထားပါ။

ကံညံ့လာပါက ညောင်ပင်အောက်တွင်အုန်းရည်သွန်ပြီး ကံကောင်းဖို့ ဆုတောင်းပါ။

အိမ်ထောင်ရေး အစဉ်ပြေစေရန်-မိမိတို့ လင်မယားနှစ်ယောက်အိပ်သော အိပ်ယာအောက်တွင် နှင်းဆီပန်း၉ပွင့်ခင်းအိပ်ပါ။

ကျန်းမာရေးညံ့လာပါက ဒန်းသားပေါ်တွင် မိမိနာမည်ရေးပြီးရေမျှောပေးပါ။

Source : Sayar Zaw Ye' Naung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။