လူတိုင်းလူတိုင်းမှာ လူမှုရေးအရ ယဉ်ကျေးမှုအရ နှုတ်ဆက်ကြတယ်ဆိုတာထုံးစံတစ်ခုပါ ၊ ဒီလိုနှုတ်ဆက်ကြသူတွေ ထဲမှာ သိသည်ဖြစ်စေမသိသည်ဖြစ်စေ စိတ်ကသိကအောက်ဖြစ်အောင် နှုတ်ဆက်ကြသူတွေလည်း ရှိပါတယ် ။ လူတစ်ယောက် ကိုတွေ့တွေ့ချင်း ကြိုက်သည် မကြိုက်သည်မသိဘဲ ဝတယ် ပိန်တယ် စသဖြင့် နှုတ်ဆက်ကြသူတွေလည်း ရှိနေပါသေးတယ် ။ ဒီလိုလူတွေကြောင့် စိတ်ပျက်နေရတာကို ဖွင့်ဟပြောပြလာသူက နိုင်ငံကျော်သရုပ်ဆောင်ဖွေးဖွေးပါ ။

မိတ်ဆက်တာလား ရိုင်းတာလားမကွဲပြားသေးတဲ့ မြန်မာနိုင်ငံက တချို့သောသူတွေအတွက် ဖွေးဖွေးတစ်ယောက် အခုလိုပြောပြထားတာပါ ။ "ဝလာတယ် ပိန်သွားတယ် တို့ ဆိုတာ နူတ်ဆက်တာမဟုတ်ပါဘူး ... အဲ့ဒါရိုင်းပါတယ် နော..ဘိုလိုပဲ ပြန်ပြောကြည့်ပါ..Hey you look fat ..you look thin.. စိတ်ကြည်လား မကြည်လားမသိ နေကောင်းလား မကောင်းလား မသိshhhhhh.... " လို့ သူမစိတ်အနှောင့်အယှက် ဖြစ်နေရတဲ့အကြောင်းကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာရေးသားထားတာကိုတွေ့ရပါတယ်။

ပရိသတ်ကြီးရေ ဖွေးစိန်လေးဟာ ပရိသတ်တွေ အတွက် အမြဲအလုပ်ကြိုးစားလေ့ရှိပေမယ့် အနုပညာပြင်ပလောကမှ သူမစိတ်တိုင်းကျ လွတ်လွတ်လပ်လပ်နေတတ်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ် ။ အစားတစ်လိုင်းဖြစ်ပေမယ့် လိုအပ်ရင် သူမရဲ့ ခန္ဓာကိုယ်အနေအထားကိုဇာတ်ကောင်စရိုက်အတိုင်း ပြောင်းလဲတတ်လို့လည်း ပရိသတ်တွေ လေးစားရတဲ့ မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။ပရိသတ်ကြီးရေ ဖွေးစိန်လေးနဲ့ အမြင်တူရင် မှတ်ချက်မှာတခုခုရေးပေးကြဖို့ မမေ့နဲ့နော် ။

Source - Shwe Yee Ko OO

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။