ကမ္ဘာကျော် မော်ဒယ်လ် တစ်ယောက်ဖြစ်သလို ကိုယ်ပိုင်စီးပွာရေးလုပ်ငန်းဖြစ်တဲ့ Kylie Cosmetics Company ကို တည်ထောင်ရင်း အသက်(၂၀) နှစ်နဲ့ မီလီနာ ဖြစ်လာတဲ့ ကတော့ သူမဘဝရဲ့ အခက်အခဲတွေကို ထုတ်ဖော်ပြောခဲ့ပါတယ်။ သူမက အရမ်းချမ်းသာရဲ့ သားနဲ့ ဘာတွေ ပူပန်စရာ ရှိမှာလဲ လို့ ပရိသတ်တွေ ထင်မိကြပေမဲ့လည်း ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ လူတိုင်းမှာတော့ အခက်အခဲ ကိုယ်စီနဲ့ မို့ပူပန်စရာတွေလည်း ကိုယ်စီ ရှိကြမှာပါ။

လက်ရှိမှာအသက်(၂၁) နှစ် ရှိပြီဖြစ်တဲ့ Kylie Jenner ဟာ သူမ အသက်(၂၀) နှစ် သူမရဲ့ ချစ်သူ Hip Hop အဆိုတော် Travis Scott နဲ့ ကိုယ်ဝန်ရရှိခဲ့ပြီးနောက် ဒီခေတ်အခါမှာတော့ အောင်မြင်ပြီး စန်းတက်နေတဲ့ အချိန်အခါမှာ ကလေးယူဖို့ ၊ အိမ်ထောင်ပြုဖို့ ဆိုတာ အတော်လေး စဉ်းစားယူရမဲ့ အနေအထားဖြစ်ပါတယ်။ သူမအနေနဲ့ လည်း သူမရဲ့ ငယ်ရွယ်မှုတွေကို ဆုံးရှူံးခံလို့ အမေတစ်ယောက်ရဲ့ အခက်အခဲ တွေကို ရဲ့ အဖေဖြစ်သူ Caitlyn Jenner(လိင်ပြောင်းအမျိုးသမီး) က သမီးဖြစ်သူရဲ့ ဒုက္ခတွေကို ဖွင့်ဟခဲ့ပါတယ်။

သူမကိုယ်ဝန်ရလာတော့ "ကျမရဲ့ သမီးဖြစ်တဲ့ ကတော့ အမေတစ်ယောက် အရမ်းကိုဖြစ်ချင်ခဲ့ပါတယ်။ သူ ကျမကို တိုင်ပင်ရှာပါတယ်။ ပြီးတော့ နောက်တစ်ချက် သူမ ခုထိ လက်မထပ်ရသေးဘူးလေ။ ဒါပေမဲ့လည်း Kylie က ကလေးယူနိုင်တဲ့ အနေအထားမျိုး ရှိနေပါပြီ။ တဖက်မှာလဲ အမေတစ်ယောက်ဖြစ်ချင်တယ်။ တဖက်မှာလည်း ငယ်ရွယ်ပြီ လျပနေချင်တုန်းပဲ။" လို့ Kylie တစ်ယောက် ကိုယ်ဝန်ရရှိလာတဲ့ အချိန်မှာအတွေးတွေ များစွာနဲ့ ကလေးမွေးဖွားဖို့ အတွက် စိတ်ဖိစီး ဗျားများပြီး လွန်ဆွဲခဲ့ရပါတယ်။

ဆက်လက်ပြီး Caitlyn Jenner က " ကျမရဲ့ သားသမီးတွေ ဖြစ်တဲ့ Kylie အပါအဝင် Kendall Jenner ၊Kim Kardashian ၊ Kourtney Kardashian ၊Khloé Kardashian၊ Rob Kardashian ၊Brandon Jenner နဲ့ Brody Jenner ဒီသားသမီး (၇) ယောက်လုံးက ကျမရဲ့ ဖြစ်တည်မှုကို လက်ခံပေးကြတယ်။ ခုထိလဲ ကျမကို အဖေ လို့ ခေါ်နေကြတုန်းပဲ။ အဖေလို့ ခေါ်တာကိုလဲ ကိစ္စမရှိဘူး ရှင့်။ ဒီတော့ သူတို့တွေရဲ့ ကိစ္စတိုင်းအတွက် ကျမ ရှိနေပေးမယ်လို့ သူမရဲ့ သမီး Kylie နဲ့ ပတ်သက်လို့ ဖွင့်ဟလိုက်ပါတယ်။

source:http://toofab.com;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။