ပရိသတ်ကြီးရေ ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြတဲ့ စိုးသူ၊ပြေတီဦး၊ဝတ်မှုန်ရွှေရည်၊ယွန်းရွှေရည်တို့ကတော့ လတ်တလောမှာ ရုပ်ရှင်ကားကြီးတစ်ကားကို အတူရိုက်ကူးနေကြတာ ဖြစ်ပါတယ်။ ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်)ရဲ့ " တရားလား" လို့အမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ စက်တင်ဘာလ ၄ ရက်နေ့က စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်ခဲ့တာဖြစ်ပြီး စက်တင်ဘာလ (၁၅) ရက်နေ့မှာတော့ အောင်ပန်းမြို့မှာ ရိုက်ကူးရေးစတင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီဇာတ်ကားက သရုပ်ဆောင်စိုးသူရဲ့ပထမဆုံးပြန်လည်ရိုက်ကူးတဲ့ ဇာတ်ကားကြီးဖြစ်ပြီး စိုးသူ၊ ပြေတီဦး၊ ချိုပြုံး၊ ဝတ်မှုန်ရွှေရည် နှင့် အခြားအနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ကြမှာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ ကစ်တို့အနုပညာမောင်နှမတစ်စုက ကလောမြို့နဲ့ အောင်ပန်းမြို့တွေမှာ ဇာတ်ကားရိုက်ကူးရေးတွေ ပြုလုပ်နေရင်း ရူတင်နားချိန် ညဘက်မှာတော့ လူစုံတက်စုံနဲ့ ပျော်ပျော်ရွှင်ရွှင် ညစာထွက်စားခဲ့ကြပါတယ်။

ရိုက်ကွင်းက ပျော်ရွှင်စရာ အမှတ်တရပုံလေးတွေကို အမြဲတင်ဆက်ပေးလေ့ရှိတဲ့ သရုပ်ဆောင် အိအိတုံက အခုလည်း ကစ်တို့နဲ့အတူ ညစာစားရင်း ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို သူမရဲ့ facebook မှာ မျှဝေထားတာ တွေ့ရပါတယ်။ စည်းစည်းလုံးလုံးနဲ့ တစ်ပျော်တစ်ပါးကြီး Night out ထွက်ခဲ့ကြတဲ့ သူမတို့အနုပညာမောင်နှမတွေရဲ့ အပျော်တွေက ပရိသတ်တွေကိုပါ ကူးစက်စေနိုင်လောက်အောင် ကြည်နူးဖို့ကောင်းနေကြပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အောင်ပန်းမြို့မှာ အပြုံးပန်းတွေဝေနေကြတဲ့ ကစ်တို့ရဲ့အမှတ်တရပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Ei Ei Tone;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။