ခွန်းဆင့်တစ်ယောက် သူမပါဝင်ရိုက်ကူးထားတဲ့ " မှော်ဝင်သမားန်ကျား " ရုပ်ရှင်ဇာတ်ကားဟာ ရုံတင်ပြသခွင့်ရရှိသွားပြီဖြစ်လို့ အရမ်းကို ပျော်နေတာပဲဖြစ်ပါတယ် ပရိသတ်ာကီးရေ။ ပရိသတ်တွေရှေ့က အချိန်အတော်ကြာပျော်ကသွားခဲ့ပြီးနောက်မှာတော့ သူမက မကြာခင်မှာ ပရိသတ်တွေနဲ့ ပြန်လည် တွေ့ဆုံရတော့မှာပဲဖြစ်ပါတယ်။

ဒီဇာတ်ကားကို တကယ့်ကျားအစစ်တွေနဲ့ရိုက်ကူးထားခဲ့ပြီး သူမကိုယ်တိုင်လည်း ကျားကိုက်ခံရတာမို့ ကျားဆိပ်တက်ခဲ့တာပဲဖြစ်ပါတယ်။ ဒီလို ကျားဆိပ်တက်ခဲ့တာကြောင့် ဆေးကုသမှုခံယူခဲ့ရပြီး ရုပ်ရှင်ရိုက်ကူးမှုကိုလည်း ရပ်နားခဲ့ရပါတယ်။ ဒီလိုကြိုးစားပမ်းစားရိုက်ကူးထားတဲ့ ဇာတ်ကားဟာ မကြာခင်မှာ ပရိသတ်တွေရှေ့ကိုရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။

ဒီဇာတ်ကားလေးနဲ့ပက်သက်ပြီး " ယေ့ ယေ့ မှော်ဝင်သမာန်းကျားရုပ်ရှင်ကား ရုံတင်ရက်ပြီး ယေ့ယေ့ လေးနှစ်ကျော်ကြာခဲ့ပြီဆိုတော့ ပျော်ပြီလေ " ဆိုပြီး သူမရဲ့အပျော်တွေကို ပရိသတ်တွေကိုဝေမျှပေးလိုက်တာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားရုံတင်ပြသရင်လည်း ပရိသတ်ကြီးက အားပေးဝန်းရံဖို့ မမေ့နဲ့ဦးနော်။

Photo - Nay Chi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။