ပြည်တွင်းမကြာခနကြုံတွေ့နေရတဲ့ ယာဉ်တိုက်မှုတွေထဲမှာ ဆိုးရွားတဲ့ ယာဉ်တိုက်မှုတွေကတော့ များစွာပါရှိနေတာကိုတော့ အားလုံးသိမယ်ထင်ပါတယ်။ ယာဉ်တိုက်မှုတိုင်းမှာ ရာသီဥတုအခြေအနေနှင့် ယာဉ်မောင်းသူတို့ရဲ့ စည်းကမ်းမဲ့မောင်းနှင်မှုတွေက အများဆုံးဖြစ်ပွားလျှက်ရှိကြောင်း သိရပါတယ်။  

မနေ့က စက်တင်ဘာ ၂၀ ရက်နေ့မှာလည်း ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာဒုံမြို့နယ်တွင်လည်း ယာဉ်တိုက်မှုနှင့်အတူ ဆိုးသွမ်းတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဖြစ်စဉ်ကတော့ စက်တင်ဘာလ ၂၀ရက်နေ့ ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာဒုံမြို့နယ်ရွှေစတားဆီဆိုင်အနီးကား၂စီးတိုက်မိပြီးကားကြီးမှာမောင်ပြီးပြေးအတိုက်ခံရသည့်taxiမှ နောက်ကလိုက်ကာ ကားများရပ်တန့်စဉ်taxiပေါ်ပါလာသူအမျိုးသား၃ဦးမှကားကြီးယာဉ်မောင်းအား ထိုးကြိတ်မှု့ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ထိုးကြိတ်မှုကြောင့် ကားကြီးယာဉ်မောင်းသူ မျက်နှာဖူးရောင်ဒဏ်ရာများရရှိခဲ့ပြီး နယ်မြေခံလှည့်ကင်းရဲကားမှပုလဲအရန်မီးသတ်တပ်ဖွဲ့သို့အကူအညီတောင်းခံရာလူနာအားမေဓါဝီဆေးရုံငို့ပို့ဆောင်ကူညီခဲ့ကြကြောင်း သိရပါတယ်။ ယာဉ်တိုက်မှုတွေထဲမှာ ဆိုးရွားတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပြီး ယာဉ်မောင်းသူများသတိပြုမောင်းနှင်နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Photos - ပုလဲမြို့သစသ်အရန်မီးသတ်တပ်ဖွဲ့

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။