ဆယ်ကျော်သက်အရွယ်ကတည်းက သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်မှာ ထွန်းပေါက်အောင်မြင်ဖို့၊ ကမ္ဘာသိပုဂ္ဂိုလ်တစ်ဦးဖြစ်ဖို့ဆိုတာ အတော်လေး ခက်ခဲပါတယ်။ ကမ္ဘာပေါ်မှာ ဆယ်ကျော်သက်အရွယ်ကတည်းက ထွန်းပေါက်အောင်မြင်လာသူဟာ လက်ချိုးရေတွက်လို့ရတဲ့ ပမာဏသာရှိပါသေးတယ်။ဒီလို လူတွေထဲကမှ အမျိုးသမီးအဖြစ် ပေါက်မြောက် အောင်မြင်နေကြသူတွေထဲမှာ ဒုတိယအိုင်းစတိုင်းလို့ နာမည်ကျော်နေတဲ့ Sabrina Pasterski အကြောင်း ကို တင်ပြပေးချင်ပါတယ် ။

Sabrina Pasterski အမည်ရတဲ့ အသက်(၂၄)နှစ်အရွယ် အမျိုးသမီးကတော့ ဒုတိယအိုင်စတိုင်းလို့တောင် တင်စားခေါ်ဝေါ်ခံရသူပါ။ သူမဟာ ရူပဗေဒဘာသာရပ်မှာ အလွန်ထူးချွန်သူဖြစ်လို့ အသက်ငယ်ငယ်မှာပင် အိုင်စတိုင်းပေါက်စဆိုပြီး နာမည်ကြီးခဲ့ပါတယ်။တကယ်တော့ လူတစ်ယောက်ကို ကမ္ဘာကျော်ရူပဗေဒပညာရှင်ကြီး အိုင်စတိုင်းနဲ့ ထပ်တူခိုင်းနှိုင်းဖို့ ဂုဏ်ရည်တူညီတယ်လို့ ယူဆခြင်းဟာ လွန်ကောင်းလွန်ရာ ကျပေမယ့်၊ Pasterski ရဲ့ ငယ်ရွယ်စဉ်ကတည်းက လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်မှုတွေဟာ အိုင်စတိုင်းလက်သစ်လို့ ဆိုရလောက်အောင် လက်သံပြောင်ခဲ့သူပါ။Pasterski ဟာအသက်(၁၄)နှစ်မှာပင် ကိုယ်တိုင်ဖန်တီးထုတ်လုပ်ခဲ့တဲ့ လေယာဉ်ကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သူ ဖြစ်ပါတယ်။ အခုဆိုရင် Pasterski ဟာ အသက်(၂၄)နှစ်တောင် ရှိနေပြီဖြစ်ပြီး ဟားဗတ်တက္ကသိုလ်မှာ Ph.D တန်းတက်ရောက်နေတဲ့ ကျောင်းသူတစ်ဦးပါ။

သတင်းတွေမှာ ဖော်ပြချက်အရ သူမရဲ့ ပထမဆုံး လေယာဉ်ကို အသက်(၁၃)နှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး အသက်(၁၄)နှစ်မှာ အဲဒီလေယာဉ်ကို အောင်မြင်စွာ ပျံသန်းပြနိုင်ခဲ့တာပါ။ အခုဆိုရင် သူမဟာ မဟူရာတွင်းနက်ကြီးလို့ခေါ်တဲ့ ” Black hole “အကြောင်း၊ စွဲအားအကြောင်း၊ Space-time အကြောင်းတွေကို သုတေသနပြုနေသူပါ။ သူမဟာ Massachusetts Institute of Technology ကနေ မဟာဘွဲ့ရယူခဲ့သူဖြစ်ပြီး၊ အခုဆိုရင် ကိုယ်ပိုင်သိပ္ပံလုပ်ငန်းများ လုပ်ဆောင်ရင်း သိပ္ပံပညာရှင်အသိုင်းအဝိုင်းက စောင့်ကြည့်ခြင်း ခံနေရသူလည်းဖြစ်တယ်လို့ သိရပါကြောင်း ။

Source - interestingengineering.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။