မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားခဲ့ချိန်က စိတ်ဓာတ်ကျခဲ့ရပြီး မိသားစုနဲ့လည်း ဝေးခဲ့ရတာကြောင့် ငရဲကျသလို ခံစားခဲ့ရတယ်လို့ ခရစ္စတယ်ပဲလေစ့် အသင်းရဲ့ ခြေစွမ်းပြတိုက်စစ်မှူး ဝီလ်ဖရိုင်း ဇာဟာက ပြောကြားလိုက်ပါတယ်။ဇာဟာဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ၄ ပွဲသာ ကစားခဲ့ရပြီးတော့ ရုန်းကန်ခဲ့ရသူလည်း ဖြစ်ပါတယ်။ 

၂ဝ၁၄ ခုနှစ်မှာတော့ အငှားစာချုပ်နဲ့ ကာဒစ်ဖ်အသင်းကို ပြောင်းရွှေ့ခဲ့သလို ၂ဝ၁၅ ခုနှစ်မှာတော့ ပဲလေစ့်အသင်းကို ရောက်ရှိခဲ့ပါတယ်။ဇာဟာက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပတ်သက်ပြီး ထုတ်ဖော် ပြောကြားခဲ့ရာမှာတော့ အသင်းမှာရှိခဲ့စဉ်က တခြားကစားသမားတွေလို ကားမရခဲ့တဲ့အပြင် မိသားစုနဲ့လည်း ဝေးနေရသလို ငရဲကျသလို ခံစားခဲ့ရတယ်လို့ ပြောပါတယ်။ 

မန်ချက်စတာမှာ နေခဲ့ရတဲ့အချိန်ဟာ ပိုက်ဆံတွေရပေမယ့် စိတ်ဓာတ် ကျခဲ့ရတယ်လို့ ဆိုပါတယ်။ဇာဟာဟာ ခရစ္စတယ်ပဲလေစ့်အသင်းအတွက် မရှိမဖြစ်ကစားသမား ဖြစ်သလို ပြီးခဲ့တဲ့ အပတ်ကလည်း အသင်းအတွက် တဦးချင်းစွမ်းရည်နဲ့ ဂိုးသွင်းပြီး နည်းပြရွိုင်းဟော့ဆန်ရဲ့ ယုံကြည်မှုကို ရရှိထားသူဖြစ်ပါတယ်။

source: dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။