စက်တင်ဘာ(၂၁)ရက်နေ့ ဒီနေ့မနက်မှာ ဗီယက်နမ်နိုင်ငံရဲ့ သမ္မတကြီး ကျန်ဒိုင်ကွမ်ဟာ ရုတ်တရက် ကွယ်လွန်သွားပြီးလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အသက် ၆၂ နှစ်အရွှယ် သမ္မတကြီး ကျန်ဒိုင်ကွမ်ဟာ အပြင်းဖျားနာပြီး ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့ ဗီယက်နမ်သတင်း အေဂျင်စီတစ်ခုက သတင်းထုတ်ပြန်ထားပါတယ်။ သမ္မတကြီးရဲ့ကျန်းမာရေးအခြေအနေအရ ဗီယက်နမ်နဲ့ နိုင်ငံခြားက ဆရာဝန်တွေက ကြိုးစားပြီးဆေးကုသပေးခဲ့ပေမယ့် ဒီကနေ့မနက် ၁၀နာရီကျော်လောက်က အမှတ်၁၀၈ စစ်ဆေးရုံမှာ ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။  

သမ္မတကြီး ကျန်ဒိုင်ကွမ်ဟာ ၁၉၅၆ ခုနှစ် အောက်တိုဘာ ၁၂ ရက်က ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ကျေးလက်ဒေသဖြစ်တဲ့ နင်ဘင်းခရိုင်မှာ မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။သမ္မတကြီး ကျန်ဒိုင်ကွမ်ဟာ အသက် ၁၆ နှစ်အရွယ်မှာ ပြည်သူ့ရဲတပ်ဖွဲ့ အကယ်ဒမီသင်တန်းကျောင်းမှာ တက်ရောက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တဦးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူပဲဖြစ်ပါတယ်။၂၀၁၁ ခုနှစ်မှာ ဗီယက်နမ်အစိုးရအဖွဲ့ဝင် ပြည်သူ့လုံခြုံရေးရာ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ဗီယက်နမ်နိုင်ငံရဲ့ သမ္မတအဖြစ် ရွေးကောက်ခံ ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

ကျန်ဒိုင်ကွမ်းရဲ့ သမ္မတ သက်တမ်းကတော့ လာမယ့်၂၀၂၁ ခုနှစ်ကျမှ ကုန်ဆုံးမှာဖြစ်ပြီး ဗီယက်နမ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေလုပ်ဆောင်နေစဉ်မှာ ပဲအသက်ဆုံးရှုံးခဲ့ရတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ရက်ကလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်လို့သိရပါတယ်။

သတင်းအရင်းအမြစ် - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။