နေခြည်ဦးဆိုတဲ့ မြန်မာနိုင်ငံမှာ နာမည်ကြီးနေတဲ့ ထိပ်တန်း Beauty blogger တွေထဲက အောင်မြင်နေတဲ့ beauty blogger တစ်ယောက်ဆိုတာ ပရိသတ်ကြီးသိပြီဖြစ်မှာပါ ။ make-up artist တစ်ယောက်အဖြစ်အောင်မြင်လာခဲ့တဲ့ သူမဟာ အခုဆို ရုပ်ရှင်တွေ ကမ်းလှမ်းခံရလို့ ရိုက်ကူးရင်းနဲ့ မင်းသမီးတစ်ယောက် အဖြစ်ပါ လူသိများလာပြီဖြစ်ပါတယ် ။ မိန်းကလေး ပရိသတ်တော်များများရဲ့ Idol ဖြစ်တဲ့ သူမရဲ့အချစ်ရေးကတော့ ပရိသတ်တွေ အတွက်စိတ်အဝင်စားဆုံး ကိစ္စတစ်ခုလို့ဆိုရမှာပါဘဲ ။

မကြာသေးမီကမှ နိုင်ငံကျော် အနုပညာရှင် မင်းသားတစ်ယောက်ဖြစ်တဲ့ အောင်ရဲလင်းနဲ့ လမ်းခွဲခဲ့ပြီး လက်ရှိမှာတော့ ချစ်သူအသစ်လေး နဲ့သူမဟာ သာယာပျော်ရွှင်နေပြီဖြစ် ပါတယ် ။ သူမရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီး ပရိသတ်တွေရဲ့ အပြင်းထန်ဝေဖန်ရှုံ့ချမှုတွေ ခံခဲ့ရပေမယ့် သူမရဲ့ချစ်သူကတော့ သူမဘက်ကနေ ရပ်တည်ပြီး နားလည်မှုရှိရှိနဲ့ လက်တွဲမဖြုတ်ဘဲ တွဲလက်တွေ မြဲနေဆဲဘဲ ဖြစ်ပါတယ် ။

ဝေဖန်တိုက်ခိုက်မှုတွေရှိနေပေမယ့်လည်း သူမရဲ့ချစ်သူကတော့ သူမကို မအားတဲ့ကြားက အပြေးလေးလာတွေ့တယ်ဆိုတဲ့ စာသားနဲ့အတူ သူမရဲ့ My day မှာ ပျော်ရွှင်ကြည်နူးနေတဲ့ ပုံရိပ်တွေကို သူမက တင်ခဲ့တာဖြစ်ပါတယ် ။

အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ရပ်တည်နေတဲ့ မိန်းကလေးတွေ အားကျအတုယူ ရတဲ့ ခြည်ခြည် တစ်ယောက်ကတော့ ဘယ်သူတွေ ဘယ်လိုတိုက်ခိုက် နေပါစေ ကိုယ့်လည်း ကိုယ်လျှောက်ပြီး သူမချစ်သူနဲ့ အဆင်ပြေပျော်ရွှင်နေတာတော့ တကယ်ကို အားကျစရာ ပါဘဲ ပရိသတ်ကြီးရေ ..။ ခြည်ခြည်လေးကိုချစ်တဲ့ ပရိသတ်တွေအတွက် သူမတို့စုံတွဲ ရဲ့ချစ်စဖွယ် ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Nay Chi Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။