ပရိသတ်ကြီးရေ မင်းသားချောလေး သူရိယကတော့ ချောမောခန့်ညားတဲ့ ရုပ်ရည်နဲ့ စတိုင်တွေကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ နှလုံးသားကို ဖမ်းဆုပ်ထားနိုင်သူ ဖြစ်ပါတယ်။ ကြော်ငြာနဲ့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးအောင်မြင်လာခဲ့တဲ့ သူရိယက လတ်တလောမှာ ချစ်သူလေး ဆုအိမ့်စံနဲ့တွဲပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားချစ်ခင်မှုတွေကိုလည်း ရရှိနေတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူရိယက မိန်းကလေးပုံစံနဲ့ "အထက်တန်းစား" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးနေပါတယ်။

ဒါရိုက်တာ နေပိုင် ရိုက်ကူးနေတဲ့ ဒီဇာတ်ကားကြီးမှာတော့ နေတိုး၊ ညီထွဋ်ခေါင်၊ သူရိယ၊ ကောင်းဆက်ထူး၊ ဦးဝင်းမြိုင်၊ စိုးမိုးကြည်၊ မြတ်ကေသီအောင်၊ ပိုးအိအိခန့် နှင့် အခြားအနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ ဒီနေ့ စက်တင်ဘာလ (၂၁) ရက်နေ့မှာတော့ သူရိယတို့ အနုပညာရှင်တစ်စုက ရန်ကုန်၊ မြခွာညို အိမ်ရာမှာ "အထက်တန်းစား" ရုပ်ရှင်ဇာတ်ကားကြီးကို အတူရိုက်ကူးခဲ့ကြပါတယ်။

သူရိယတစ်ယောက် မိန်းကလေးပုံစံနဲ့ ရိုက်ကူးနေရင်း ရိုက်ကွင်းလေး ခဏနားတုန်းမှာ ပရိသတ်တွေနဲ့ စကားပြောဖို့ live လွှင့်ခဲ့ပါတယ်။ ချစ်စရာကောင်းပြီး လူတောင်မှားရလောက်အောင် ကောင်မလေးတစ်ယောက်လို လှနေတဲ့ သူရိယက အသည်းယားစရာပုံစံမျိုးစုံနဲ့ ပရိသတ်တွေကို နှုတ်ဆက်ခဲ့တာ တွေ့ရပါတယ်။ သူရဲ့အမြင်ဆန်းတဲ့ပုံစံလေးကြောင့် ပရိသတ်တွေက အသည်းတွေကြွေရတဲ့အထိတောင် ဖြစ်ခဲ့ကြရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သူရိယရဲ့ ချစ်စရာကောင်းတဲ့ live ဗီဒီယိုလေးကို ကြည့်ရှုဖို့ အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Thuri Ya ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။