ကမ္ဘာကျော် အဆိုတော် ပေါ့ခ် အဆိုတော် Taylor Swift ကတော့ သူမရဲ့ ချစ်သူ ဖြစ်သူ British သရုပ်ဆောင် မင်းသား Joe Alwyn နဲ့ ချစ်သူသက်တမ်း(၁) နှစ် နဲ့ (၁၁) လကျော်လာပြီဖြစ်သလို သူတို့ အကြောင်းတွေကို Public မှာ သိပ်ဖွင့်ဟလေ့မရှိသူတွေ ဖြစ်ပါတယ်။ တခါတလေပါပါရာဇီနဲ့ သတင်းသမားတွေရဲ့ တိတ်တဆိတ်ခိုးရိုက်ခံရတဲ့ ဓာတ်ပုံတွေကြောင့်သာ သူတို့ အချစ်ရေးဟာ အဆင်ပြေနေဆဲ၊ လက်တွဲကာ ခိုင်မြဲနေဆဲ ဆိုတာ သိရတာဖြစ်ပါတယ်။

2016 Met Gala ပွဲမှာ Gigi Hadid ရဲ့ အပြန်အလှန်မိတ်ဆက်ပေးမှု အရ ပထမဆုံးတွေ့ ဆုံခဲ့ကြပြီး Taylor Swift ရဲ့ ချစ်သူ ဖြစ်တဲ့ Joe Alwyn ကတော့ Billy Lynn's Long Halftime Walk ဆိုတဲ့ စစ်တွင်းဒရမ်မာ ဇာတ်လမ်းအမျိုးအစားနဲ့ နာမည်ရလာခဲ့တဲ့ ရုပ်ရှင်မင်းသားတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ အသက်(၂၇) နှစ် သာရှိပါသေးတယ်။ Taylor Swift ကတော့ အသက်(၂၈) နှစ်ရှိပြီဖြစ်ပြီး မနဲ့ မောင် အချစ်ဇာတ်လမ်းလို့ ဆိုရမှာပါ။ ချစ်သူကို ဘယ်လောက်ချစ်နေလဲ သိသာစေတဲ့ အချက်တွေ ကတော့ သူမရဲ့ Reputation Albumမှာ ပါဝင်တဲ့ သီချင်းတော်တော်များကို ချစ်သူအတွက်ရည်ညွန်းပြီ သီဆိုခဲ့တာဖြစ်ပါတယ်။

အချစ်ရေးနဲ့ ပတ်သက်လို့ အင်တာဗျူးတွေ၊ မေးခွန်းတွေ ဖြေခဲတဲ့ သူတို့ နှစ်ယောက်ကတော့ British Vogue မဂ္ဂဇင်း ရဲ့ အင်တာဗျူး တစ်ခုမှာTaylor Swift ရဲ့ ချစ်သူဖြစ်သူ Joe Alwyn က ပထမဆုံး အချစ်ရေးနဲ့ ပတ်သက်လို့ ဖွင့်ဟလိုက်ပါတယ်။ "လူတွေက လျို့ ဝှက်ထားတဲ့ အရာတွေဆို သိပ်သိချင်ကြတယ်ဆိုတာ ကျနော် သတိထားမိတယ်ဗျာ။ သူနဲ့ ကျနော် နဲ့ အတွင်းရေး (အချစ်ရေး) ကိုတော့ နှစ်ကိုယ်ကြား private တစ်ခုအဖြစ် ပဲ ထားပါတယ်။ ကျနော်ကတော့ အလုပ်အကြောင်းကို ပြောရတာ ပိုနှစ်သက်ပါတယ် " လို့ ဖြေကြားလိုက်ပါတယ်။

source:http://www.justjaredjr.com;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။