ပွင့်တစ်ယောက် ပရိသတ်တွေကို အမြဲ ချစ်စရာအပြုံးချိုချို လေးတွေနဲ့ ဖျော်ဖြေခဲ့ပေမယ့် လတ်တလော လူမှုကွန်ယက် ပေါ်မှာ ပွင့်တစ်ယောက် ဂုဏ်သိက္ခာထိခိုက်အောင်ရေးသားနေကြတဲ့ Pageတစ်ချို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေတယ်လို့သိရပါတယ်။ ပွင့်တစ်ယောက် အျမ်ထောင်မကျသေးဘဲ အိမ်ထောင်ကျနေပါတယ် လို့ ရေးသားထားတဲ့ Page တစ်ခု ကြောင့် ဖြေရှင်းချက်တစ်ခု ထုတ်ပြန်လိုက်တယ်လို့လည်းသိရပါတယ် ။

ပွင့်မင်္ဂလာဆောင်တော့မယ်ဆိုပြီး ရေးသားထားကြတဲ့အပေါ် "မဟုတ်တာကို ပိုစ့်တင်နေကြတယ် ။ပွင့်ဘေးနားက ကောင်လေးက (ပွင့်ရဲ့လက်ဦးဆရာဖြစ်တဲ့ ဒါရိုက်တာမောင်သီရဲ့သား)( မင်းသားလွင်မိုးရဲ့တူ) ပွင့်နဲ့ကငယ်ငယ်ထဲကမောင်နှမတွေ လိုနေတာ အဲ့ခလေးကထွားနေလို့ ပါ အသက်ကငယ်ငယ်လေးရှိသေးတယ် ။မဟုတ်တာတွေမတင်ပါနဲ့ရှင်။" လို့ မေတ္တာရပ်ခံထားတာကို တွေ့ရပါတယ် ။

အရင်ကလည်း (Wedding Show) မင်္ဂလာဝတ်စုံပြပွဲတခုမှာ ပွင့်showလျှောက်တဲ့ ပုံကို ယူသုံးပြီး အိမ်ထောင်မကျဘဲ သင်္ဘောသားနဲ့ အိမ်ထောင်ကျတယ်လို့ pageတခုက ကောလဟာလရေးခဲ့သေးတယ်လို့ ပွင့်က ပြောပြထားသေးတာပါ ။" ကိုယ့်ကြောင့်နဲ့ သူတစ်ပါးထိခိုက်နစ်နာအောင် မလုပ်ကြပါနဲ့လို့ page adminတွေကိုအားလုံးကို တောင်းပန်ပါတယ်..."လို့ ပွင့် တစ်ယောက် မေတ္တာရပ်ခံထားပါသေးတယ်။ ပရိသတ်ကြီးရေ ပွင့်တစ်ယောက် အခုလို ရေးသားခံနေရတဲ့ အပေါ် မှတ်ချက်တစ်ခုခု ပေးဖို့ မမေ့နဲ့နော် ။

Source - Pwint - ပွင့် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။