နာမည်ကျော် သရုပ်ဆောင်လွင်မိုးရဲ့ သမီးချောလေးဖြစ်တဲ့ ပရိသတ်တွေရဲ့အချစ်တော် ယွန်းဝတီလွင်မိုးကတော့ သူမရဲ့ သားလေးနဲ့ Liam နဲ့အတူ အမိမြန်မာနိုင်ငံကို ပြန်လာခဲ့ပါပြီ..။

ဒီကနေ့ စက်တင်ဘာ (22) ရက်နေ့မှာပဲ သြစတေးလျကနေ သူမရဲ့ မိဘတွေရှိတဲ့ မြန်မာနိုင်ငံကို သားလေးနဲ့အတူ ပြန်လာခဲ့တာ ဖြစ်ပြီး သြစတေးလျကနေ သားလေးနဲ့အတူ (10)နာရီကျော်ကြာ လေယာဉ်စီးပြီး ပြန်လာတဲ့ သူမကတော့ အရမ်းကို စိတ်လှုပ်ရှားနေတယ်လို့ ဆိုပါတယ်..။

အဲ့ဒီနောက် သူမရဲ့ အိမ်ပြန်ခရီးလေးမှာ အဆင်ပြေချောမွေ့အောင် ကူညီပေးကြတဲ့ Thaiairways က ဝန်ထမ်းတွေကိုလည်း ကျေးဇူးတင်စကားလေးလည်း ပြောထားပါသေးတယ်..။

"Home.. Traveling for over 10hours with a baby was exciting and scary for me but it went great. Thank you to the staff at Thaiairways for making the journey smoother.." ဆိုပြီး ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

ပရိသတ်တွေရဲ့အားပေးဝန်းရံမှုတွေကို ရရှိထားတဲ့ ယွန်းဝတီလွင်မိုးကတော့ သူမရဲ့ အသက်(19) နှစ် အရွယ်မှာ ချစ်သူနဲ့အတူ ရွှေလက်တွဲ လက်ထက်ခဲ့တာ ဖြစ်ပြီး မကြာခင်ကမှ သားဦးလေးကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်..။

ယွန်းလေးရဲ့ သားဦးလေးဖြစ်တဲ့ Liam လေးကလည်း မေမေဖေဖေနဲ့ ဖိုးဖိုးဖွားဖွားတွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားသလို ပရိသတ်တွေကလည်း အားပေးချစ်ခင်ကြတာ တွေ့ရပါတယ်..။

Photo - ယွနိးဝတီလွင်မိုး IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။