အားလုံးက မောင်ချို လို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ ပြည်သူ့အချစ်တော် မောင်ချိုတစ်ယောက် မွေးနေ့ကိုသူမရဲ့ ချစ်သူခင်သူတွေနဲ့ အတူတူ ကျင်းပခဲ့ပါတယ်။ မွေးနေ့ပြီးခဲ့ပေမယ့် သူမကို ချစ်သူခင်သူတွေရဲ့ မွေးနေ့လက်ဆောင်တွေကတော့ ဝင်လာမစဲတသဲသဲ ပါပဲ ။ အခုတစ်ခေါက်မှာ တော့ မောင်ချိုတစ်ယောက် သူမကို ချစ်တဲ့ စင်္ကာပူနိုင်ငံက ပရိသတ်တွေက မွေးနေ့လက်ဆောင်အဖြစ် ငွေသားအမြောက်အမြားပေးပို့လိုက်တာကို ကြုံလိုက်ရပါတယ် ။

မောင်ချို တစ်ယောက် ပရိသတ်တွေ အခိုင်အမာရရှိထားသလို ၊ ဝန်းရံသူတွေကလည်းဒုနဲ့ဒေးဆိုတာကို စင်္ကာပူက ပရိသတ်တွေက လက်တွေ့သက်သေပြလိုက်တာလည်းဖြစ်ပါတယ် ။ စင်္ကာပူ က မောင်တို့တစ်တွေက မောင်ကလေးအတွက် ဂုဏ်ပြုငွေကျပ်သိန်း (၄၀) ကို ဒီနေမှာ မောင်ချို့ဆီအရောက် ပေးပို့လိုက်ကြတာလည်းဖြစ်ပါတယ်။

ပရိသတ်ကြီးရေ မောင်ချိုတစ်ယောက် စင်္ကာပူက ပရိသတ်တွေအတွက် ဒီနေ့မှာ မွေးနေ့အထိမ်းအမှတ် ကိတ်ခွဲ ပေးခဲ့ပါသေးတယ် ။ မောင်ချို တစ်ယောက် အင်မတန်ပျော်နေတာကိုလည်း Liveတွေမှာ တွေ့မြင်ရပါတယ် ။ ပရိသတ်ကြီးရေ မွေးနေ့မှာ ထိုက်ထိုက်တန်တန်ဂုဏ်ပြုခံလိုက်ရတဲ့ မောင်ချို့အတွက် အမှတ်တရစကားလေးတွေ မှတ်ချက်မှာရေးပေးဖို့ မမေ့ကြနဲ့နော်။

Source - we love chan myae mg cho 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။