တေးသံရှင် အဆိုတော် နီနီခင်ဇော် ဟာ "Melody World 2008" ခုနှစ်ရဲ့ winner ဆုရှင် ပြိုင်ပွဲတစ်ဦးဖြစ်ပြီး သူမလျှောက်လှမ်းလာတဲ့ ဂီတလမ်းဟာ အချိန်ကာလ မကြာသေးဘူးလို့ ထင်ရပေမဲ့လဲ (၁၀) စုနှစ်ကျော်လာပြီဖြစ်ပါတယ်။ အသံပါဝါကောင်းလွန်းတဲ့ သူမရဲ့ ပါရမီကြောင့် ယနေ့တိုင် အောင်မြင်မှု ကိုထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သလို သူမရဲ့ အနုပညာလျှောက်လမ်းကလည်း ဖြောင့်ဖြူး နေဆဲဖြစ်ပါတယ်။

သူမရဲ့ ကိုယ်ပိုင်တံဆိပ်ဖြစ်တဲ့ Super Red Cosmetics ဟာ လည်း မိန်းကလေးတွေရဲ့ မှန်တင်ခုံမှာ သဲခြေကြိုက် အမှတ်တံဆိပ်ပစ္စည်းလေးတစ်ခုအဖြစ် အောင်မြင်မှု ရရှိနေသလို နောက်ထပ်နောက်ထပ်သော အသစ်တွေ လည်း ထွက်ရှိနေဆဲဖြစ်ပါတယ်။ သူမရဲ့ လက်ရှိ အနုပညာ လှုပ်ရှားမှု အနေနဲ့ Stand by me ( Acoustic version ) သီချင်း Mtv လေး ထွက်ရှိထားပြီး နောက်ထပ် သီချင်းလေးတွေ လည်း ထွက် ရှိလာဖို့ နီနီက အကောင်းဆုံး ကြိုးစားနေတယ်လို့ ဆိုရမှာပါ။

မကြာခင်သေးကမှ အသက်(၁၉) နှစ် ပြည့် ခဲ့တဲ့နီနီကတော့ အရါယ် ရလေလေ၊ တည်ငြိမ်အေးချမ်းပြီး လျလေလေမို့ ပရိသတ်တွေကလည်း သူမကို ချစ်ပြီး ရင်း၊ ချစ် ခံရသူပါ။ နိုင်ငံကိုယ်စားပြု အဆိုတော် တစ်ယောက် အနေနဲ့ တရုတ်ပြည်အထိ သီချ်ငးသီဆိုကာ ပထမဆုတွေ ရယူနိုင်ခဲ့သလို နိုင်ငံတကာကို ဖိတ်ခေါ်ပြီး သီချင်းသ ီဆိုဖျောဖြေရတဲ့ အခါမှာလည်း နီနီက အမြဲ ပါဝင် ခဲ့သူဖြစ်ပါတယ်။ နီနီကို အမြဲတမ်း elegant အပြင်အဆင်မျိုးနဲ့ သာတွေ့ ရပြီး တခါတလေ ချစ်စရာကောင်းတဲ့ အလှမျိုးနဲ့ တွေ့ မြင်ချင်သူ ပရိသတ်များအတွက် ပန်းရောင် ဝတ်စုံလေးနဲ့ POND'S အမှတ်တံဆိပ် ရဲ့ Ambassador အဖြစ် နီနီရဲ့ အလှပုံလေးတွေကို မျှဝေလိုက်ရပါတယ်နော်။

SOURCE: Ni ni khin zaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။