စတိုင်အမြဲလန်းနေတဲ ့ဝါဆိုကတော့ “မိုက်လားပြောကြည့်” ဆိုတဲ ့ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးကို ထုတ်တော့မှာ ဖြစ်ပါတယ်။ အဆိုပါ စီးရီးရဲ ့စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနားကို Sule Shangri-La မှာကျင်းပခဲ့ပြီး တက်ရောက်အားပေးခဲ့ကြတဲ ့ လူကြီးမင်းများ စာနယ်ဇင်း ဆရာ ဆရာမများ media ညီအစ်ကို မောင်နှမများ အနုပညာ ညီအစ်ကို မောင်နှမများအားလုံးကို ကျေးဇူးအများကြီးတင်ရှိကြောင်းကို ဝါဆိုက သူမရဲ ့facebook စာမျက်နှာမှတဆင့် ပြောကြားသွားခဲ့ပါတယ်။

ဝါဆိုရဲ ့တေးစီးရီး CD နဲ ့ VCD ကို လာမယ့် မတ်လ ၂ ရက်နေ ့ကစပြီး ဖြန် ့ချီသွားမှာပါ။

ယင်းစီးရီးထဲမှာတော့ သီချင်း CD ၁၂ ပုဒ် VCD ၁၀ ပုဒ်ပါဝင်ပြီး Feat အနေနဲ ့ နေတိုး၊ ကျော်ကျော်ဗို၊

ထွန်းထွန်း (Examplez) ၊ ဖြိုးလေး (Snare) နဲ ့စန္ဒီမြင့်လွင် တို ့ပါဝင်အားဖြည့်ထားကြပါတယ်။

စီးရီးထွက်ရှိမယ့် မတ်လ ၂ ရက်နေ ့မှာတော့ ၃ နာရီမှ ၆ နာရီအထိ လှည်းတန်းစင်တာ ပရိုမိုးရှင်းဧရိယာမှာ အနုပညာများစွာက အမှတ်တရလက်မှတ်ရေးထိုးသီဆိုဖျော်ဖြေသွားမှာဖြစ်ပါတယ်။

Source - Warso Moe Oo

Hnin 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။