Myanmar Idol Season 3 ရဲ့ winner ဆုရှင်ဖြစ်တဲ့ ပြည်သူ့အချစ်တော် ဟင်္သာတသားလေး ဖြိုးမြတ်အောင်ကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတာ ပရိသတ်ကြီးများ အသိပါပဲနော်..။

ရှိုးပွဲတွေသီဆိုဖျော်ဖြေနေသလို ကြော်ငြာတွေလည်း ရိုက်ကူးဖြစ်နေတဲ့ ဖြိုးမြတ်အောင်ကတော့ သူရူးသွပ်ရလွန်းတဲ့ အဆိုဘက်ကိုမှာလည်း မလစ်လင်းဘဲ ပထမဆုံး တစ်ကိုယ်တော် Album အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်..။

ဖြိုးမြတ်အောင်ကတော့ သူ့ရဲ့ ပထမဆုံး music Album အတွက် ပြင်ဆင်ကာ ဆရာနဲ့ တိုင်ပင်နေပြီဆိုကာ ပရိသတ်တွေကို ပြောပြလာတာ တွေ့ရပါတယ်..။

"Solo Albumအတွက် ပထမခြေလှမ်း

ဆရာတို့နဲ့တိုင်ပင်.." ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဓာတ်ပုံလေးတွေနဲ့အတူ ပရိသတ်တွေကို မျှဝေထားတာ ဖြစ်ပါတယ်..။

ပရိသတ်တွေကလည်း ဖြိုးမြတ်အောင်ရဲ့ တစ်ကိုယ်တော် အခွေလေးထွက်ရှိဖို့အတွက်ကို စောင့်မျှော်နေကြပြီး အားပေးဝမ်းသာနေကြတာ တွေ့ရပါတယ်..။

လတ်တလောမှာတော့ ဆရာဖြစ်သူ ဥက္ကာဦးသာနဲ့အတူ solo Album လေးအတွက် တိုင်ပင်ဆွေးနွေးနေတဲ့ ပုံရိပ်အချို့ကို ပရိသတ်တွေအတွက်လည်း ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo - ဖြိုးမြတ်အောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။