မြန်မာ့လူမျိုးတိုင်း လေးစားအားကျချစ်ခင်ရတဲ့ ကမ္ဘာ့လက်ဝှေ့ချန်ပီယံကြီး အောင်လအန်ဆန်းကတော့ မကြာမီယှဉ်ပြိုင်မယ့် ပြိုင်ပွဲအတွက် ကြိုးစားမှုတွေမြှင့်တင်လျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကတော့ ရှုံးပွဲမရှိ MMA ဖိုက်တာတစ်ဦးဖြစ်တဲ့ လက်ဘနွန်နိုင်ငံသား မိုဟာမက် ကရာကီနှင့်ထိုးသတ်ရမှါဖြစ်ပြီး အောင်လအတွက်ပြည်တွင် ထိုးသတ်မှုရဲ့ နောက်ဆုံးပွဲစဉ်တစ်ခုဖြစ်တဲ့အပြင် နိုင်ငံဂုဏ်ဆောင် ဂုဏ်ထူးအတွက်အဓိကထိန်းသိမ်းရန် ခတ်ခဲနိုင်မယ့် ပွဲတစ်ပွဲဖြစ်ပါတယ်။

လက်ရှိအောင်လအန်ဆန်းကတော့ ပြင်းထန်တဲ့လေ့ကျင့်မှုတွေနဲ့အတူ ကြိုးစားရုန်းကန်လျှက်ရှိကြောင်း သိရပါတယ်။ ပြိုင်ပွဲထိုးသတ်ရန် အချိန်တစ်လနီးနီးသာကျန်ရှိတော့တာဖြစ်ပြီး အောင်လအတွက်ပြင်ဆင်ချိန် အလုံအလောက်ရှိနေသေးကြောင်း သိရပါတယ်။ 

အောင်လကတော့ ပြိုင်ပွဲမတိုင်မီ အမိမြေဖွား သွေးချင်းတွေနဲ့အတူ ဆုံတွေ့ရန် စီစဉ်ထားပြီး အပြန်ခရီးကို အစောဆုံးရောက်ရှိနိုင်ရန် ကြိုးစားနေကြောင်း သိရပါတယ်။ ပြည်တွင်းနောက်ဆုံးပွဲတစ်ခုဖြစ်တဲ့ အောင်လအန်ဆန်းရဲ့ မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံပွဲကို ပရိသတ်တွေအတူ သွားရောက်အားပေးသင့်ကြောင့်နှင့် အောင်မြင်မှုရရှိနိုင်ရန် ဆုတောင်းပေးကြပါအုန်းနော်။

Photos - Aung La Nsang

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။