နေယံလို့ပြောလိုက်တာနဲ့ အပြုံးချိုချိုလေးနဲ့ တောရေ မြို့ပါ ကြိုက်ကြတဲ့ မင်းသားတစ်လက်ဖြစ်တယ်ဆ်ုတာ ကို အထူးပြောစရာမလိုတော့ပါဘူးနော် ။ ဒီနေ့ဟာတော့ သရုပ်ဆောင်နေယံရဲ့ မွေးနေ့လည်းဖြစ်ပါတယ် ။ စီးပွားရေးနဲ့ အနုပညာကို ဟန်ချက်ညီညီလုပ်ကိုင်နေရင်း နေယံတစ်ယောက် မွေးနေမှာ ထင်မှတ်မထားတဲ့ အလှူတစ်ခုကို ပြုခဲ့ပါတယ် ။

နေယံက "မွေးနေ့မှာမေမေအတွက် ရွေပုတီးလေးလုပ်ပေးလိုက်တယ် ရတနာပစ္စည်းဆို ဘာမှမဝတ်ချင်တဲ့မေမေ ပုတီးဆိုတော့ မဝတ်မနေရ ဝတ်ရပြီလေ ချစ်တယ်အဖေနဲ့မေ အသက်ရာကျော်ရှည်ပြီး ဒီထက်လုပ်ကြွေးပြုစုရပါလို့၏" လို့ နေယံရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ် ဖော်ပြထားချက်အရသိရပါတယ်။ နေယံ ရဲ့ ရွှေပုတီးဟာ ကာလပေါက်ဈေး ၂၉ သိန်းကျော်တန်ဖိုးရှိတဲ့အတွက် ရွှေဈေးတက်နေတဲ့ အခုအချိန်ဟာ အင်မတန် တန်ကြေးကြီးတဲ့ ကုသိုလ်လို့ ဆိုရမှာပါ ။

နေယံ့ရဲ့ ပရိသတ်တွေကတော့ မွေးနေ့မင်္ဂလာမှာ ထူးမြတ်တဲ့ ကုသိုလ်တစ်ခုကို ယူရင်း မိခင်အတွက် ကျေးဇူးဆပ်လိုက်ခြင်းအတွက် သာဓုတွေ အကြိမ်ကြိမ်ခေါ်ဆိုနေကြပါတယ်။ ပရိသတ်ကြီးရော အခုလိုမျိုး စိတ်ကူးဆန်းဆန်းလေးတွေနဲ့ မိဘကို ကျေးဇူးအဆပ်ချင်ကြဘူးလား ဆိုတာ မှတ်ချက်မှာ ပြောပြခဲ့ဖို့ မမေ့ပါနဲ့နော် ။

Source - Nay Yan 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။