Disney နဲ့ကြီးပြင်းခဲ့သူ Selena Gomez ကတော့ Netflix ဇာတ်ကားမှာ ပါဝင်တော့မှာပါ။ Selena Gomez တစ်ယောက် သူ့ရဲ့ပရိသတ်တွေကို Instagram စာမျက်နှာပေါ်မှာ ကလူကျီစယ်နေတာကို ခဏနားပြီး သူပါဝင်မယ့် Netflix စီးရီး 13 Reasons Why အကြောင်းဆွေးနွေးဖို့ အာရုံစိုက်လိုက်ပါပြီ။

YA ဝတ္ထုကို အခြေခံထားတဲ့ အဲဒီ ဆယ်ကျော်သက်စီးရီးဟာ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံသွားတဲ့ အတန်းဖော်မိန်းကလေးတစ်ယောက် ချန်ထားခဲ့တဲ့ သဲလွန်စအပိုင်းအစတွေကို စုစည်းဖော်ထုတ်ဖို့ကြိုးစားတဲ့ အထက်တန်းကျောင်းသားတစ်ယောက်ရဲ့ အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ကျောင်းတွင်းအနိုင်ကျင့်မှုတွေ၊ ဆယ်ကျော်သက် ဆိုရှယ်မီဒီယာအသုံးပြုမှုတွေရဲ့နောက်ကွယ်က ရင်ဆိုင်နေရတဲ့ ဖိအားတွေ၊ ဒီဂျစ်တယ်ခြေရာတွေအပေါ် တစ်ယောက်နဲ့တစ်ယောက် ဝေဖန်မှုတွေကို မီးမောင်းထိုးပြထားပါတယ်။ 

စိတ်ကျရောဂါကြောင့် ပြန်လည်ထူထောင်ရေးစခန်းမှာ ကုသခဲ့ရတဲ့ Gomez ကို ဒီကားရိုက်ကူးဖို့ ဆွဲခေါ်ခဲ့တာက Disney မင်းသမီးအဖြစ် ကြီးပြင်းလာခဲ့တဲ့တလျှောက်မှာ သူကြုံတွေ့ခဲ့ရတာတွေကြောင့် ဖြစ်ပါတယ်။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။