ပရိသတ်တွေ အမြဲချီးကျူးလေးစား အားပေးရတဲ့ ထိပ်တန်းမင်းသမီးတွေထဲမှာ အူဝဲနဲ့မိုးလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချော အိန္ဒြာကျော်ဇင်နဲ့ မိုးဟေကိုတို့ကတော့ အားလုံးရဲ့ အသည်းကျော်မင်းသမီးချောတွေပဲ ဖြစ်ပါတယ်..။

အချိုးအစားကျပြီး လှပတဲ့ ခန္ဓာကောက်ကြောင်း၊ မဖော်မချွတ်ပဲ ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားကြတဲ့ အနုပညာရှင်တွေထဲမှာ ဖက်ရှင်ဘုရင်မလို့ တင်စားထားရတဲ့ အိန္ဒြာကျော်ဇင်နဲ့ မိုးဟေကိုတို့ကတော့ တကယ်ကို ပြိုင်ဘက်ကင်းပါပဲ..။

အမြဲဖက်ရှင်ကျတဲ့ ဒီဇိုင်းလေးတွေနဲ့ သေသပ်လှပကျော့ရှင်းနေတဲ့ သူမတို့ ပရိသတ်အချစ်တော် နှစ်ယောက်ကတော့ ခုတစ်ခါမှာလည်း ဒီဇိုင်းနာ ဖြိုးကိုရဲ့ ဝတ်စုံလေးတွေနဲ့ ပရိသတ်တွေရဲ့ အမြင်အာရုံတွေကို ဖမ်းစားလိုက်ပြန်ပါပြီ..။

ဒီဇိုင်နာဖြိုးကိုရဲ့ ဖက်ရှင်လေးတွေနဲ့ တစ်ယောက်တစ်မျိုးစီ အလှချင်းပြိုင်နေကြတဲ့ အူဝဲနဲ့ မိုးတို့ရဲ့ ဆွဲမက်ဖွယ် အလှပုံရိပ်လေးတွေကတော့ ယောကျၤားလေး ပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေကိုပါ လည်ပြန်ငေးရလောက်အောင် လှသွေးကြွယ်နေတာပါနော်..။

အနုပညာလောကမှာ ထိပ်တန်းကနေ အောင်မြင်မှုတွေရရှိထားကြသလို ပြည်သူပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကလည်း တကယ်ကို အားကျစရာပါပဲမို့ အောင်မြင်မှုကတော့ အံမခန်းပါပဲ..။

လတ်တလောမှာတော့ အစိမ်းရောင်ဖက်ရှင်လေးနဲ့ လှချင်တိုင်းလှနေတဲ့ အူဝဲနဲ့ ရဲရဲတောက်အနီရောင်ဝတ်စုံလေးနဲ့ ကျော့ရှင်းစွာ လှသွေးကြွယ်နေကြတဲ့ မိုးတို့ ပြည်သူ့အချစ်တော်နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်..။

Photo - Phyo Ko(Extraordinary Fashion)၊ Nay Min Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။