ဖက်ရှင်ကျ လှပစွာဝတ်ဆင်တတ်ပြီး သရုပ်ဆောင်ရာမှာလည်း ဇာတ်ရုပ််ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ အကယ်ဒမီ အိန္ဒြာကျော်ဇင်ကို ယနေ ့ခေတ် ဖက်ရှင်နဲ ့အလှအပရေးရာအကြောင်းကို မေးကြည့်တဲ့အခါမှာတော့ " အခုနောက်ပိုင်းက ခေတ်ရေစီးကြောင်းက သူ ့ဟာနဲ ့သူ ရှိနေတယ်ဆိုတော့လေဘာပဲပြောပြော ခေတ်လူငယ်တွေ အကုန်လုံးက ဘာမှ အကြံပြုပေးစရာမလိုလောက်အောင် အကုန်လုံးက ခေတ်မီနေပြီးသားပေါ့နော်််။ အစ်မ မြင်တာက ဘယ်သူ့ကိုပဲ ကြည့်လိုက်ကြည့်လိုက် အရမ်း Fashionable ဖြစ်တယ်။”

“ မြန်မာဝတ်စုံလေးဝတ်ဆင်မယ်ဆိုရင်လည်း သူ ့အပြင်အဆင်နဲ ့လိုက်မယ့် Makeup ရယ် Hairstyle ရယ် ဖိနပ်ရယ် အကုန်လုံး

သူ ့ဟာနဲ ့သူလိုက်ဖက်မှုရှိအောင် ဝတ်တတ်ဖို ့လိုတာပေါ့နော်။ မိန်းကလေးဆိုရင် ဘာမှ မပြင်ဆင်ထားတယ် ဆိုရင်တောင်မှ နှုတ်ခမ်းနီလေးဆိုးထားရင်

လူကြားထဲ ထင်ထင်ပေါ်ပေါ်လေးဖြစ်သွားတဲ့ သဘောရှိတော့ မိန်းကလေးတွေနဲ ့နှုတ်ခမ်းနီနဲ ့ကတော့ ဝမ်းဆက်ပဲပေါ့နော်" လို ့အလှအပနဲ ့ပတ်သက်ပြီး

အကြံပေးသွားပါတယ်။ ဒါကြောင့် ပျိုမေတို ့အပြင်သွားတိုင်း နှုတ်ခမ်းနီလေးတစ်ချောင်းတော့ ဆောင်ထားသင့်ပါတယ်နော်။

Source: Sunday

Hnin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။