Chess and Boxing

ဒီကစားနည်းကတော့ နာမည်နဲ့လိုက်အောင်ပင် chess ကစားနည်းနဲ့ Boxing ကစားနည်း နှစ်မျိုးလုံးကို ပေါင်းစည်းထားတာပဲဖြစ်ပါတယ်။ ကစားသမားတွေဟာ Chess တစ်ပွဲထိုးပီးတာနဲ့ Boxing တစ်ချီ ထိုးရပီး ဒီလိုနဲ့ အရှုံးအနိုင်သတ်မှတ်ရတာဖြစ်ပါတယ်။

Underwater Hockey

Hockey ကစားနည်းဟာမြေပြင်ပေါ်မှာပဲ့ ကစားရတယ်လို့ အများကသိထားကြတာပါ။ ဒီကစားနည်းကတော့ ရေအောက်မှာ ကစားရတဲ့ Hockey ဖြစ်ပီး ၁၉၅၄ခုနှစ် အင်္ဂလန်မှာ စတင်ကျင်းပခဲ့ပါတယ်။

Toe Wrestling

ငယ်ငယ်က လက်မချင်းဖိပီး ကစားခဲ့ကြတာကိုမှတ်မိအုန်းမှာပါ။ အခုကတော့ ခြေမချင်း ဖိကာ ကစားရပြီး ခြေမအရင်ဖိနိုင်တဲ့ ကစားသမားကအနိုင်ရရှိမှာဖြစ်ပါတယ်။

Wife Carrying

ဒီကစားနည်းကတော့ တော်တော်ထူးဆန်းပါတယ်။ ယောကျာ်းတွေဟာ မိမိတို့ရဲ့ မိန်းမတွေကိုချီပီး သတ်မှတ်ပန်းတိုင်ထိရောက်အောင် ပြေးရတာဖြစ်ပါတယ်။ ပြေးနေစဉ်မှာ လည်း မိမိပါတနာ ပြုတ်ကျသွားခဲ့ရင်လည်း ငါးစက္ကန့်အချိန်ပိုပေးထားပါတယ်။ 

Quidditch

ဟယ်ရီပေါ်တာ ဇာတ်ကားထဲကလိုပဲ တံမြက်စည်းပျံတွေစီးပီး ကစားရတာဖြစ်ပါတယ်။ ဒါပေမယ့် အပြင်မှာတော့ မပျံနိုင်ပါဘူး။ ကစားသမားတွေဟာ တံမြက်စည်းကို ခြေထောက်နှစ်ချောင်းကြားထဲမှာ ညှပ်ပီးတော့ သတ်မှတ်ထားတဲ့ ဂိုးထဲကို လက်နဲ့ပစ်သွင်းရတာဖြစ်ပါတယ်။

Source : Business Insder Sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။