လက်ရှိ မြန်မာ့လက်ဝှေ့ချန်ပီယံဒေဝကတော့ ထိုင်းပြိုင်စံရှားလက်ဝှေ့ချန်ပီယံဘူခေါင်ကို စိန်ခေါ်မှုတစ်ခုပြုလုပ်ခဲ့တာတွေ့ရပါတယ်။ အဆိုပါ စိန်ခေါ်မှုကိုတော့ ဘူခေါင်မြန်မာနိုင်ငံအထင်ကရဒေသတစ်ခုဖြစ်တဲ့ ရွှေတိဂုံစေတီတော်ကိုရောက်ရှိလာသည်ကစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ခြင်္သေတစ်ကောင်းအုပ်စိုးနေတဲ့ နေရာကို အကြောင်းမကြားရောက်ရှိလာခြင်းကြောင့် စိန်ခေါ်မှုပြုလုပ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။  

မကြာသေးမိက ထိုင်းလက်ဝှေ့ဖိုက်တာ ဘူခေါင်ကတော့ မြန်မာ့တန်ခိုးကြီးအထင်ကရနေရာတစ်ခုဖြစ်တဲ့ ရွှေတီဂုံစေတီတော်မြတ်ကြီးဆီသို့ရောက်ရှိလာပြီး ဘုရားဝတ်ပြုခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ လာရောက်မှုနှင့်ပတ်သက်ပြီး ဒေဝကတော့ "ဘူခေါင် ရန်ကုန်ကို အလည်ရောက်နေပါသတဲ့ မိတ်ဆွေတို့

ရန်ကုန်ဟာ လက်ဝှေ့ဘုရင် ဒေဝ နန်းစိုက်တဲ့မြို့ဆိုတာ သူမသိလေသလော ?

ထိုင်းက မွေထိုင်းချန်ပီယံ ရန်ကုန်လာလည်မယ်ဆို ကျနော့ဆီက အရင်ခွင့်တောင်းသင့်တယ်လေ

အဲလိုမှမဟုတ်ရင်တော့ ဘူခေါင်ကို မြန်မာ့လက်ဝှေ့ စည်းမျဉ်းနဲ့ စိန်ခေါ်ထိုးရမှာပဲ" ဟူ၍ သူ့ရဲ့ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင်ရေးသားထားတာတွေ့ရပါတယ်။  

အဆိုပါ ရေးသားမှုကို မြန်မာဘာသာ၊ ထိုင်းဘာသာနှင့် အင်္ဂလိပ်ဘာတို့ဖြင့် ရေးသားခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ ရေးသားစိန်ခေါ်မှုကိုတော့ ထိုင်းလက်ဝှေ့ ဝက်ဆိုဒ်တစ်ခုက ပြန်လည်ရေးသားဖော်ပြထားပြီး ဒေဝရဲ့ စိန်ခေါ်မှုကို ထိုင်းဖိုက်တာ ဘူခေါင်ကတော့ ပြန်လည်တုန့်ပြန်ထားခြင်းမရှိသေးတာတွေ့ရပါတယ်။ မြန်မာ့လက်ဝှေ့ဖိုက်တာဒေဝနှင့် ထိုင်းလက်ဝှေ့ဖိုက်တာ ဘူခေါင်တို့ရဲ့ ပွဲကောင်း တစ်ပွဲကိုတော့ ပရိသတ်တွေလည်း စောင့်မျှော်မိကြမယ်ထင်ပါတယ်။ ကဲ ပရိသတ်ကြီးရေ ဒေဝရဲ့ ဒေါသတွေကို ထိုင်းဖိုက်တာ ဘူခေါင်ဘယ်လိုတုံ့ပြန်မလဲဆိုတာကတော့ ပရိသတ်တွေအတူ စိတ်ဝင်စားစွာ စောင့်မျှော်ရမှာပဲဖြစ်ပါတယ်။

Photos - Dave

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။