ပြည်ပနိုင်ငံများစွာမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ပြည်တွင်း သူရဲကောင်းလေးတွေကတော့ လက်ရှိ များစွာပေါ်ထွန်းလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ သူရဲကောင်းလေးတွေထဲမှာ ကရာတေးဖိုက်တာလေးတွေဖြစ်တဲ့ ကချင်တိုင်းရင်းသားလေးတွေလည်း ပါဝင်ခဲ့တာတွေ့ရပါတယ်။  

စင်ကာပူနိုင်ငံမှာ ချန်ပီယံဆု ဆွတ်ခူးခဲ့တဲ့ ကရာတေးသမား ၄ ဦးကို ဒီနေ့ မနက်က ကချင်ပြည်နယ် စီတာပူရပ်ကွက် မနောကွင်းမှာရှိတဲ့ မဂျွယ်ခန်းမမှာ ဂုဏ်ပြုဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ချန်ပီယံဆုကို ဆွတ်ခူးခဲ့သူတွေကတော့ အသက် ၈ နှစ်နဲ့ ၉နှစ် ယှဉ်ပြိုင်တဲ့ပြိုင်ပွဲမှာ မောင်ဂျာလ၊ အသက် ၆ နှစ်နဲ့ ၇ နှစ်မှာတော့ ဆန်မိုင်နူး၊ အသက် ၄ နှစ်နဲ့ ၅ နှစ် ဆိုင်းလတ်အောင်နှင့် အသက် ၁၂ နဲ့ ၁၃ ယှဉ်ပြိုင်မှုမှာ ဆိုင်းနူးတို့က အသီးသီး ချန်ပီယံဆုတွေကို ဆွတ်ခူးခဲ့ကြတာဖြစ်ပါတယ်။  

အဆိုပါ စင်ကာပူနိုင်ငံမှာ ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့တဲ့ ကရာတေးကစားသမား ကလေးငယ် ၄ ဦးကို ဆုငွေ ၇ သိန်းစီ ဆုချီးမြှင့်ခဲ့ပြီး နိုင်ငံဂုဏ်ဆောင်ကစားသမားလေးတွေအဖြစ် ဂုဏ်ပြုခဲ့ကြတာတွေ့ရပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ် ကရာတေးကစားသမားတွေအနေနဲ့ လာမယ့် ၂၀၁၉ ဧပြီလ မှာ ဂျပန်နိုင်ငံမှာပြုလုပ်မယ့် နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲမှာလည်း အဆိုပါ ချန်ပီယံကစားသမား ၄ ဦးကထပ်မံယှဉ်ပြိုင်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။