ယခုရက်ပိုင်းမှာတော့ မြန်မာအိုင်ဒေါလ် နှင့် ပတ်သက်ပြီးဝေဖန်မှုတွေ ရှုတ်ချမှုတွေများစွာဖြစ်ပေါ်နေပါတယ်။ ဖုန်းနှင့် မဲပေးမှုကိုအဓိကထားပြီး ပြုလုပ်ထားတဲ့ ပြိုင်ပွဲဖြစ်တဲ့အတွက် အရည်အချင်းရှိတဲ့ ပြိုင်ပွဲဝင် အချို့ နှုတ်ထွက်ခဲ့ရတာနှင့် ပတ်သက်ပြီး မကျေနပ်မှုများလည်းရှိနေပါတော့တယ်။

ဒီနေ့မှာတော့ မြန်မာအိုင်ဒေါလ်ပြိုင်ပွဲဝင် ရဲနောင်ကို မဲပေးဖို့ မအူပင်တွင် လိုက်လံပြီး နှိုးဆော်နေတာကိုတွေ့ရပါတယ်။ ကားအစီးစီး နှင့် ရဲနောင်ပုံတွေကပ်ကာနှိုးဆော်နေကြပုံမှာ အများအမြင်မှာတော့ ကိုးလို့ကန့်လန့်ကြီးဖြစ်နေတဲ့ အတွက်ကြောင့် ဖေ့ဘွတ်ပေါ်တွင်ရှုတ်ချမှုများစွာပေါ်ထွက်လာပါတော့တယ်။

၂၃ရက်နေ့ညမှာ စတူဒီယို အဆိုရှင်ကြီးဝင်းဦးရဲ့ သီချင်းနှင့် သီဆိုယှဉ်ပြိုင်ခဲ့တယ်လို့လည်းသိရပါတယ်။

anna

Source : myanmarupdatenews

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။