ရီးရဲလ်မက်ဒရစ်အသင်းကတော့ အသင်းကနေ ပြင်ဆင်သွားမယ့် လက်ရှိအိမ်ကွင်း ဘာနေဗျူးရဲ့ ပုံစံအသစ်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။အိမ်ကွင်းပုံစံအသစ်ဒီဇိုင်းကို အသင်းရဲ့ YouTube Channel ကနေထုတ်လွှင့်ပြသခဲ့တာဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်အနည်းငယ်ထဲကအဆင့်မြှင့်တင်ဖို့

သတင်းတွေထွက်ပေါ်လာခဲ့ပြီးခုမှာတော့ကွင်းပုံစံvideoလေးထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ခုအသစ်ဆောက်မယ့်ကွင်းသစ်ပုံစံကတော့Indoorအမိုးပိတ်ပုံစံဆောက်သွားမှာလည်းဖြစ်ပါတယ်။ပရိတ်သတ်၈၁ ၀၄၄ဆံ့တဲ့ပွဲကြည့်စင်ကိုတော့အနည်းငယ်သာအဆင့်မြှင့်တင်မှာဖြစ်ပါတယ်။ဒီကွင်းသစ်ပုံစံမှာတော့VIP ပွဲကြည့်စဉ်နေရာအသစ်တွေ ဈေးဆိုင်ခန်းနေရာတွေနဲ့ အသင်းရဲ့ အမှတ်တရ ပြတိုက်ပုံစံအသစ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒီစီမံကိန်းကိုဒီနှစ်ရာသီကုန်မှာစတင်တည်ဆောက်ဖို့မျှော်လင့်နေပြီး၄နှစ်လောက်ကြာမယ်လို့ခန့်မှန်းရပါတယ်။

ကစားကွင်းသစ်တည်ဆောက်ဖို့ကို (၂၀၁၇) ခုနှစ်တည်းက မက်ဒရစ် မြို့တော်တာဝန်ရှိသူတွေဆီကနေ ခွင့်ပြုမိန့်ရရှိထားခဲ့ပြီးဖြစ်ပါတယ်။နောက်၄နှစ်ကြာမှာပြီးဆုံးမယ့်ဘာနေဗျူးကွင်းကြီးကိုတော့

ရီးရဲပရိတ်သတ်တွေကခုတည်းကမြင်တွေ့ချင်နေကြနေတာဖြစ်ပါတယ်။

SOURCE:Real Madrid

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။