မြန်မာနိုင်ငံရဲတပ်ဖွဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက နိုင်ငံခြားသားများပါဝင်သော မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတစ်ခုသည် မူးယစ်ဆေးဝါးအမြောက်အမြားကို အက်ဒမန်ပင်လယ်ပြင်မှတစ်ဆင့် နိုင်ငံတကာစျေးကွက်သို့ တင်ပို့ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသဖြင့် စုံစမ်းထောက်လှမ်းမှုများ အချိန်ယူဆောင်ရွက်ခဲ့ရာ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရန်ကုန်-တရုတ် (တိုင်ပေ) လေယာဉ်ခရီးစဉ်ဖြင့် လိုက်ပါမည့်တရုတ်(တိုင်ပေ)နိုင်ငံသား CAI JENG ZE အား ကတ်တမင်း ၁၆ဝ ဂရမ်နှင့်အတူ စတင်ဖမ်းဆီးရမိခဲ့သည်။

ထို့နောက် ၄င်းတို့ ငှားရမ်းနေထိုင်ရာ ပုဇွန်တောင်မြို့နယ်အတွင်း စုံစမ်းစောင့်ကြည့်မှုများပြုလုပ်စဉ် အဆိုပါအခန်း နေသူများမှာ မူးယစ်ဆေးဝါး သိုဝှက်ထား သည့်နေရာမှ ဆိပ်ကမ်းတစ်နေရာသို့ မူးယစ်ဆေးဝါးများကို အမြန်ဆုံး သယ်ဆောင်နိုင်ရေး ကြိုးပမ်းနေကြောင်း စုံစမ်းဖော်ထုတ်သိရှိရသဖြင့် စောင့်ကြည့် မှုများပြုလုပ်ခဲ့ပြီး နိုဝင်ဘာ ၁၇ ရက် တွင် မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်းရပ်ကွက်တွင် တရုတ် (ဟောင် ကောင်)နိုင်ငံသား HUNG CHING KINနှင့် တရုတ် (တိုင်ပေ)နိုင်ငံသားWANG WEI JUNG တို့၏ ကွန်တိန်နာ မော်တော်ယာဉ်နှင့် သယ် ဆောင်လာသည့် အိုက်စ် ၁၁၁ဝ ကီလို အား လက်ရသိမ်းဆည်းရမိခဲ့သည်။

ယင်းနေ့တွင် ၄င်းတို့ မူးယစ်ဆေးဝါး သိုလှောင်ရန်ငှားရမ်းထားသည့် သင်္ဃန်း ကျွန်းမြို့နယ် ဆယ်သိန်းရပ်ကွက်အတွင်း ရှိနေအိမ်ကို ဆက်လက်ရှာဖွေရာ တရုတ်(တိုင်ပေ)နိုင်ငံသား LIN SHIH CHANGနှင့် LIN CHENG CHUNတို့အား ကတ်တမင်း ၆၂၂ ဒသမ ၃ ကီလိုနှင့် မူးယစ်ဆေးဝါးထုပ်ပိုးကိရိယာများနှင့်အတူ ထပ်မံဖော်ထုတ် ဖမ်းဆီးရမိခဲ့သည်။

အမှုနှင့်ပတ်သက်၍ တားဆီးနှိမ်နင်း ရေးအဖွဲ့များက စစ်ဆင်ရေးအသွင်ဖြင့်ဆက်လက်စုံစမ်းစစ်ဆေးဆောင်ရွက်ခဲ့ ရာ ဖမ်းဆီးရမိ တရုတ်နိုင်ငံသားများအား မြန်မာနိုင်ငံအတွင်း စီးပွားရေးဗီဇာဖြင့် ဝင်ခွင့်ရရှိရေးဆောင်ရွက်ပေးပြီး အမှုတွင် ဆက်စပ်ပါဝင်သLucky Pioneer Co.Ltd, ‘ဒါရိုက်တာရန်နိုင်ထွန်းအားနိုဝင်ဘာ၂၁ ရက်တွင် လည်းကောင်း၊ မူးယစ်ဆေးဝါးသယ်ဆောင်ရန် ပွဲစား အဖြစ်ဆောင်ရွက်သူ မထွန်းထွန်းဝင်း အား ဒီဇင်ဘာ ၉ ရက်တွင် တာချီလိတ် မြို့၌လည်းကောင်း အသီးသီးဖမ်းဆီး ရမိခဲ့သည်။

စုံစမ်းဖော်ထုတ်ချက်အရ မူးယစ် ဆေးဝါးများကို အက်ဒမန်ပင်လယ်ပြင် တွင် စောင့်ဆိုင်းသယ်ယူမည့် ပင်လယ်ကူး သင်္ဘောသို့ ဖျာပုံဆိပ်ကမ်းမှတစ်ဆင့် ငါး ဖမ်းစက်လှေဖြင့် ပို့ဆောင်ရန်အတွက် စက်လှေငှားရမ်းရန် စီစဉ်ခဲ့သူ အောင်ကျော်မြင့်(ခ) ထန်လျန်ခုပ် နေထိုင်သည့် မင်္ဂလာဒုံမြို့နယ် ပတ္တမြား မြို့သစ်ရှိနေအိမ်ကို ဒီဇင်ဘာ ၁ဝ ရက်က ရှာဖွေရာ ¤င်းမှာတိမ်းရှောင်နေပြီး နေအိမ်မျက်နှာကြက်နှင့် ခေါင်မိုးကြား တွင် လျှို့ဝှက်သိမ်းဆည်းထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၄၆၆၄၆ဝ နှင့် ဘိန်းဖြူ ၆၈၅ ဂရမ်ကို လည်းကောင်း၊ နိုင်ငံခြားသားများအတွက် မူးယစ်ဆေးဝါး များရရှိရန်နှင့် သယ်ပို့ရန်အားပေးကူညီဆောင်ရွက်ပေးသူ ရန်ခိုင်းကွဲ့နှင့် ဇနီး မရန်ရင်ဟွေ့တို့နေထိုင်သည့် နမ့်စန် မြို့နယ် ဝမ်ပုံကျေးရွာအုပ်စု အမှတ်(၁)ကျေးရွာ ပတ္တမြားလမ်း အိမ်အမှတ်(၄၈) နေအိမ် ကို ဒီဇင်ဘာ ၁၁ ရက်ကရှာဖွေရာ ¤င်းတို့အားမတွေ့ရှိဘဲ စိတ်ြ<ွကရူးသွပ် ဆေးပြား ၁၂ဝဝ ၊ ၉ မမ ပစ္စတိုသေနတ် တစ်လက်၊ ကျည်အိမ်တစ်ခု၊ ¤င်းကျည် ၅၁ တောင့်တို့အား လည်းကောင်း ထပ်မံ သိမ်းဆည်းရမိခဲ့ပြီး အမှုမှတိမ်းရှောင် နေသူ ရန်ခိုင်းကွဲ့နှင့်ဇနီး မရန်ရင်ဟွေ့ တို့အား ဒီဇင်ဘာ ၁၂ ရက်က လားရှိုးမြို့ တွင် ဆက်လက်ဖမ်းဆီးရမိခဲ့သည်။

နိုင်ငံခြားသားများ ပါဝင်သည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ငွေသန်း ပေါင်း ၄၃၃၄၈ ဒသမ ၃၁တန်ဖိုးရှိ မူးယစ် ဆေးဝါးများ၊ မော်တော်ယာဉ် ၁ဝ စီး၊ ဆိုင်ကယ်တစ်စီး၊ မြန်မာငွေကျပ် ၄ ဒသမ ၈ သိန်း၊ အမေရိကန်ငွေဒေါ်လာ ၉၂၉ဝ၊ တရုတ်ငွေ ၆၇ဝ၄ ယွမ်၊ ဟောင်ကောင် ငွေ ၅ဝဝဝ ဒေါ်လာ၊ ထိုင်ဝမ်ငွေ ၃ဝဝ ဒေါ်လာ၊ ထိုင်းငွေ ၂ဝ၂ဝဘတ်၊ ဖိလစ်ပိုင် ငွေ ၆၅ဝ ပီဆို၊ ရွှေထည်ပစ္စည်း ကိုးမျိုး တို့နှင့်အတူ ဖမ်းမိတရားခံတရုတ် (ဟောင်ကောင်) နိုင်ငံသား တစ်ဦး၊ တရုတ် (တိုင်ပေ)နိုင်ငံသား လေးဦး၊ မြန်မာနိုင်ငံသား လေးဦး၊ ပေါင်းကိုးဦး၊တိမ်းရှောင်ထွက်ပြေးနေသောတရားခံ တရုတ်နိုင်ငံသားတစ်ဦး၊ တရုတ်(တိုင်ပေ)နိုင်ငံသားလေးဦး၊ ထိုင်းနိုင်ငံသားတစ်ဦး၊ မြန်မာနိုင်ငံသား ၁ဝ ဦး၊ ပေါင်း ၁၆ ဦးတို့အား သက်ဆိုင်ရာရဲစခန်းအသီးသီး တွင်ဖွင့်လှစ်ထားရှိသည့် အမှုများနှင့် ထည့်သွင်းအရေးယူထားရှိပြီး ¤င်းတို့ အား ဖမ်းဆီးရမိရေးအတွက် ပြည်တွင်း/ ပြည်ပတားဆီးနှိမ်နင်းရေးအဖွဲ့များ၊ မိတ် ဖက်အဖွဲ့အစည်းများနှင့် သတင်းဖလှယ် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

Myanmaalinn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။