လူတွေဟာ အမှတ်တစ်မဲ့ အမှုမဲ့နေတတ်ကြတာ လူသဘာဝပါ။လူတစ်ယောက်မှာ ဦးနှောက်က အရမ်းအရေးကြီးပါတယ်။ ဦးနှောက်က ခန္ဓာတစ်ကခုလုံးကိုထိန်းချုပ်ထားပြီး သိစိတ်ရောမသိစိတ်ပါ၊ ကောင်းမှုဆိုးမှုစတဲ့ အရာဟူသမျှကိုထိန်းချုပ်ထားတာဖြစ်ပါတယ်။ဦးနှောက်မှာ အကျိတ်ရှိနေပြီးလို့သိတာနဲ့ ဆေးကုသမှုခံယူလို့ရပါတယ်။ကင်ဆာအဆင့်မရောက်ခင်အထိ ဆေးဝါးတွေနဲ့ ပဲဖြစ်ဖြစ် ခွဲစိတ်ကုသလု့ိပဲဖြစ်ဖြစ် ကုသမှုခံယူလို့ ရပါတယ်။ ဒါကြောင့် အချိန်မှီ ကုသဖို့အတွက် မိမိမှာအောက်မှာဖော်ပြမဲ့ လက္ခဏာတွေများ ရှိခဲ့ ရင်သတိထားလို့ရအောင် တင်ပြလိုက်ရပါတယ်။ 

ခေါင်းကိုက်ခြင်းက လူတိုင်းဖြစ်တတ်ပေမဲ့ အပြင်းအထန်ခေါင်းကိုက်နေမယ်၊ မနက်ပိုင်းတွေမှာပိုခံစားရမယ်၊ ဒီလိုမျိုးခံစားလာရပြီဆိုရင် ဦးနှောက်ထဲမှာရှိတဲ့ ကြွက်သားတွေဟာ ပုံမှန်ထက်ပိုကြီးထွားလာတဲ့အတွက်ဖြစ် ပါတယ်။နောက်တစ်ခုအနေနဲ့ ခြေတွေလက်တွေ တုန်လာမယ်၊ ရင်တုန်လာမယ်၊ ဦးနှောက်ထဲတစ် ကယ်အကျိတ် ရှိသူတွေဟာ အမြင်အာရုံတွေ ဝါးလာမယ်၊ ရှင်းလင်းပြတ်သားမှုမရှိတော့ဘူး၊ အရာဝတ္တုတစ်ခု ကို နှစ်ထပ်မြင်နေရမယ်၊

မှတ်ဥဏ်တွေ အားနည်းလာမယ်၊ မစဉ်းစားမတွေးခေါ်နိုင်တော့ဘူး၊ ဆိုရင်တော့ ကင်ဆာဘက်ကို ဦးတည် နေပါတယ်။မှုးလာမယ်၊ အန်လာမယ်၊ဦးနှောက်အကြိတ်ကြီးပြီဆိုရင် နားတွေလည်းအူလာမယ်၊ ထုံကျင်ခြင်း၊ ခန္ဓာကိုယ်ထဲမှာ ပုံမှန်မဟုတ်တဲ့ခံစားချက်တွေရှိလာမယ် ဆိုရင်တော့ ဒါဟာ ဦးနှောက်မှာအကြိတ်တွေ ရှိနေ ပါပြီးဒါကြောင့် ခေါင်းကိုက်တယ်ဆိုတာကို ပေါ့မထားကြပဲ အကြိမ်ရေများလာရင်တော့ ဆရာဝန်နဲ့ ပြတာ အကောင်းဆုံးဆိုတာကိုတော့ ပြောချင်ပါတယ်။

Source: Jolly 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။