ဆံပင်ဆိုတာ လူတစ်ယောက်ရဲ့ဒုတိယမျက်နှာဖြစ်ပါတယ်။ မျက်နှာတစ်ခုတည်းလှနေလို့မရပါဘူး၊ ဆံပင်လည်း လှပဖို့လိုပါတယ်။ ဆံပင်ကောင်းဖို့အတွက် နည်းလမ်းများစွာရှိပါတယ်။ တစ်ချို့ကတော့ မွေးရာပါ ဆံပင်ကောင်း ခြင်းတွေကို ပိုင်ဆိုင်ကြပြီး ဆံပင်မကောင်းတဲ့သူတွေအတွက်တော့ ဆံပင်အတွက်နဲ့ ပိုက်ဆံတွေ ကုန်ကြပါတယ်။ ခုဖော်ပြပေးမှာကတော့ သဘာဝအတိုင်းဆံပင်ကို သန်စွမ်းစေပြီး ဆံပင်ပြန်ပေါက်စေတဲ့ နည်းလမ်းလေးဖြစ်ပါတယ်။ 

ဆော်လမွန်ငါးကို စားပေးရင် ဆံပင်တွေ သန်စေမှာအသေချာပါပဲ။ သူ့မှာ အသားဓာတ်၊ ဗီတာမင် ဒီ၊ အိုမိဂါ ၃ ဖက်တီးအက်စစ်တွေပါဝင်တာကြောင့် ဆံပင်အတွက်အားထားရပါတယ်။သစ်ကြားသီးကတော့ အိုမိဂါ ၃ ဖက်တီးအက်စစ်နှင့် ဘိုင်အိုတင်း ဗီတာမင် အီး ကြွယ်ဝစွာပါဝင်နေပါတယ်။ကမကောင် ဟာလည်း ဇင့်နှင့် ဆယလေးနီးယမ်းဓာတ်ကြွယ်ဝစွာပါဝင်တဲ့အတွက် ဆံပင်တွေကို သန်မာစေပါတယ်။ကန်စွန်းဥ ကတော့ဗီတာမင် အေ ၊ ဥအမျိုးမျိုး၊ ဟင်းနုနယ်ရွက်၊ ပဲနီလေး၊ တို့ဟာလည်း ဆံပင်တွေကိုကောင်းစေပါတယ်။

ဒိန်ချဉ်ကိုစားပေးရင်လည်း အသားဓာတ်၊ ဗီတာမင် ဘီ၊ ဗီတာမင် ဒီ ကြွှယ်ဝစွာပါဝင်တဲ့အတွက် စားပေးရပါ မယ်၊ကြက်သားဟာလည်း အသားဓာတ်၊ သံဓာတ်၊ ဗီတာမင် ဘီဓာတ်ကြွယ်ဝတဲ့အတွက်ဆံပင်အတွက် အားဆေး တစ်ခွက်ပဲဖြစ်ပါတယ်။ ခုဖော်ပြခဲ့တဲ့ အရာတွေကို စားပေးရင် ဆံပင်တွေပြန်ကောင်းလာမှာ အသေချာ ပဲမို့ခုပဲစားလိုက်ကြစို့နော်။ 

Source: Jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။