ဖီဖာရဲ့ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမား ထိပ်ဆုံး ၃ဦးစာရင်းကို နိုင်ငံလက်ရွေးစင်နည်းပြ၊ အသင်းခေါင်းဆောင်၊ မီဒီယာနဲ့ ပရိသတ်တွေက မဲပေးခဲ့ကြရာ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီက သူ့ရဲ့ ပြိုင်ဖက် ရော်နယ်လ်ဒိုကို ထိပ်ဆုံး ၃ဦးစာရင်းမှာ ရွေးချယ်ခဲ့ပါတယ်။ မက်ဆီဟာ မိုဒရစ် အမ်ဘတ်ပေနဲ့ ရော်နယ်လ်ဒိုကို အံ့အားသင့်စွာ ရွေးချယ်ခဲ့ပါတယ်။ 

ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်လ်ဒိုကတော့ ဗရန်း မိုဒရစ်နဲ့ ဂရီးဇ်မန်းတို့ကို ရွေးချယ်ခဲ့ပါတယ်။ရီးယဲယ်နဲ့ စပိန်အသင်းခေါင်းဆောင် ရာမို့စ်ကတော့ ပြိုင်ဖက် ဘာစီလိုနာက မက်ဆီ မိုဒရစ်၊ ရော်နယ်လ်ဒိုတို့ကို ရွေးချယ်ခဲ့ပါတယ်။ဖီဖာရဲ့ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကိုမိုဒရစ်က ရရှိခဲ့ပြီး ရော်နယ်လ်ဒိုက ဒုတိယ၊ ဆာလက တတိယ ရခဲ့ပါတယ်။

မက်ဆီနဲ့ရော်နယ်ဒိုတို့ဟာ အကြီးမားဆုံးရန်သူတွေကနေ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်နေပါပြီ။ အသက်၃၀ဆိုတဲ့ ကိန်းဂဏန်းတွေဟာ သူတို့နှစ်ယောက်ပြိုင်ဆိုင်မှုတွေကို ရပ်တန့်စေခဲ့ပါတယ်။ ယခုနှစ်ဖီဖာဆုတွေကို ကြည့်ခြင်းအားဖြင့် မက်ဆီနဲ့ရော်နယ်ဒိုရဲ့ နေဝင်ချိန်ကို ရောက်ခါနီးပြီဆိုတာ ဆုတံဆိပ်တွေက သက်သေပြနေပြီး လူငယ်တွေအတွက်နေရာဖယ်ပေးချိန်လဲ ကျရောက်နေပါပြီ။ 

SOURCE: 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။