2018ဆူဇူကီးဖလားပြိုင်ပွဲအတွက်ပြင်ဆင်နေတဲ့မြန်မာ့လက်ရွေးစင်အသင်းသည်အောင်မြင်မှုရရှိဖို့

အတွက်ခြေစမ်းပွဲတွေကစားဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။မြန်မာအသင်းသည်တောင်အမေရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဘိုလီးဗီးယား လက်ရွေးစင် အသင်းနှင့် ရန်ကုန်မြို့တွင် ကစားမှာဖြစ်ပါတယ်။

ခုချိန်မှာတော့ခြေစမ်းပွဲဖြစ်မြောက်ရေးအတွက်နှစ်နိုင်ငံဘောလုံးအဖွဲ့ချုပ်တွေနဲ့

တောင်အမေရိကဘောလုံးအဖွဲ့ချုပ်နဲ့အာရှဘောလုံးအဖွဲ့ချုပ်တို့ကပါဝိုင်းဝန်းညှိနှိုင်းပေးနေပြီး

မကြာခင်မှာသတင်းထုတ်ပြန်သွားမယ်လို့ကြေငြာထားပါသေးတယ်။ တောင်အမေရိက လက်ရွေးစင်ဘောလုံး အသင်းတစ်သင်းနှင့် ခြေစမ်းနိုင်ခြင်းမှာ ယခု အကြိမ်သည် ပထမဆုံးအကြိမ် အဖြစ် မှတ်တမ်းဝင်သွားမည် ဖြစ်ပြီး ယင်း ခြေစမ်းပွဲကို အောက်တိုဘာ ၁၃ ရက်၊ ညနေ ၆း၀၀ နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစား ကွင်း၌ ယှဉ်ပြိုင် ကစားရန် စီစဉ်ထားတာဖြစ်ပါတယ်။

ဘိုလီးဗီးယား လက်ရွေးစင် အသင်းသည် လက်ရှိ ကမ္ဘာ့အဆင့် ၅၈ တွင် ရပ်တည်နေပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၁၉၃၀၊ ၁၉၅၀ နှင့် ၁၉၉၄ တို့တွင် သုံးကြိမ် ကစားဖူးသည့် အသင်းလည်း ဖြစ်ပါတယ်။ဘိုလီးဗီးယား လက်ရွေးစင် အသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တောင်အမေရိကဇုန် ပွဲစဉ်များ ယှဉ်ပြိုင် ကစားစဉ်က အိမ်ကွင်းတွင် အာဂျင်တီးနား၊ ချီလီ၊ ပါရာဂွေး စသည့် အသင်းများကို အနိုင်ကစားပြီး ဘရာဇီးကိုဂိုးမရှိသရေကျအောင်ကစားနိုင်ခဲ့သည့်အသင်းလည်းဖြစ်ပါတယ်။

ခုလိုကမ္ဘာထိပ်သီးအသင်းတစ်သင်းနဲ့အိမ်ကွင်းမှာကစားမယ့်ပွဲကိုမျက်ဝါးထင်ထင် အားပေးခွင့် ရရှိမှာဖြစ်ပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။