မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက် တာရိန်လမ်း ၊ သမ္မတကိတ်မုန့်တိုက်လမ်းကြားရှိ နေအိမ်တစ်ခုတွင် တိပ်ဖြင့်ပတ်၍ ကျွတ်ကျွတ်အိတ်ဖြင့် ထုတ်ထားသည့် အမျိုးသားအလောင်းတစ်လောင်းကိုတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

စိန်ပန်းရပ်ကွက်ရှိ နေအိမ်တစ်ခုမှ အခန်းတစ်ခန်းကို အသက် ၁၈နှစ်အရွယ်ရှိ အမျိုးသားနှစ်ဦးက လွန်ခဲ့တဲ့ ၃လမှစတင်၍ ငှားရမ်းနေထိုင်ခဲ့ပြီးနောက် တစ်ဦးသေဆုံးနေသည်ကို ယနေ့ ဖေဖော်ဝါရီလ ၂၄ရက်မွန်းလွဲ၁နာရီက တွေ့ရှိခဲ့ကြောင်း အဆိုပါအိမ်တွင် အိမ်ငှားနေထိုင်သည့် ကိုမောင်အေးကပြောသည်။

ကျွန်တော်လည်းအိမ်ငှားပါပဲ ။ သူတို့နှစ်ယောက်က အိမ်ထဲကိုဝင်လိုက်ထွက်လိုက်ပါပဲ။ သေတဲ့ကောင်လေးရဲ့ ဦးလေးတွေကနေ လာရှာရင်း သေတယ်ဆိုတာသိရတယ်။၄ရက်လောက်တော့ရှိလောက်ပြီ။ တိပ်နဲ့ပတ်ထားတော့ အနံ့မထွက်ဘူး။ သူနဲ့အတူနေတဲ့ ကောင်လေးကိုတော့ ရဲစခန်းကို ခေါ်သွားတယ် ဟု မျက်မြင်တွေ့ရှိခဲ့သူ ကိုမောင်အေးကပြောသည်။

အဆိုပါ အမျိုးသားနှစ်ဦးသည် မြစ်ကြီးနားမြို့မှလာရောက်၍ ရတနာပုံတက္ကသိုလ်တက်ရောက်နေခြင်း ဖြစ်ကြောင်း သိရသည်။

လောလောဆယ်မှာတော့ စစ်ဆေးနေတုန်းပါပဲ အခုစစ်ဆေးနေတဲ့ကောင်လေးက သံသယရှိအဆင့်ပဲရှိပါသေးတယ်။ ဟု မဟာအောင်မြေမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ထွန်းအောင်ကပြောသည်။

ဓာတ်ပုံ-ဖြိုးဖြိုးဇော်

Pyae Phyo Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။