လက်ရှိ အောင်မြင်မှုများစွာရရှိထားတဲ့ ပရိသတ်အချစ်တော် ဂျင်းကောင်ကိုတော့ အားလုံးချစ်ပြီးသားဖြစ်မယ်ထင်ပါတယ်။ ပြည်တွင်းသရုပ်ဆောင်လောကမှာ ထိပ်တန်းစာရင်းဝင်သူတစ်ယောက်ဖြစ်ပြီး ပရိသတ်အခိုင်အမာရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ မြင့်မြတ်ကတော့ သရုပ်ဆောင်မှုပိုင်းမှာ သဘာဝဆန်ဆန်လုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်တဲ့အပြင် အနုပညာသားအချင်းချင်းတောင်လေးစားအားကျခြင်းခံနေရသူတစ်ဦးလည်းဖြစ်တာတွေ့ရပါတယ်။  

လက်ရှိ ရုပ်ရှင်ဇာတ်ကားကြီးများအပါအဝင်အခြား ဇာတ်လမ်းများစွာကိုလည်းရိုက်ကူးလျှက်ရှိတာတွေ့ရပါတယ်။ အနုပညာမျိုးဆက်သစ်လေးဖြစ်တဲ့ ဂျုနီယာဂျင်းကောင်ကို မွေးဖွားထားသူတစ်ယောက်ဖြစ်ပြီး လက်ရှိဖခင်ကောင်းတစ်ယောက်အဖြစ် ရပ်တည်နေသူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။ မကြာသေးမီက အားပေးကြမ်းတဲ့ ပရိသတ်တွေကြောင့် ရိုက်ကွင်းပေါ်မှာ အခတ်တွေ့ခဲ့ရပေမယ့် မြင့်မြတ်ကတော့ အပြုံးမပျက်ပြန်လည်ရိုက်ကူးနေခဲ့တာတွေ့ရပါတယ်။  

အဆိုပါ ရိုက်ကူးမှုကတော့ ပရိသတ်အချစ်တော် ရွှေမှုံရတီနှင့်အတူ ရိုက်ကူးခဲ့တာဖြစ်ပြီး လာရောက်အားပေးသူတွေရဲ့ အသံတွေကြောင့် အကြိမ်ပေါင်းများစွာ ပြန်လည်ရိုက်ကူးခဲ့ရပေမယ့် ပရိသတ်အချစ်တော်မြင့်မြတ်ကတော့ အပြုံးမပျက်လုပ်ဆောင်ပေးခဲ့တာတွေ့ရပါတယ်။ သဘာဝဆန်ဆန်ရိုက်ကူးမှုတွေနဲ့ ပရိသတ်အားပေးမှုရရှိထားတဲ့ သရုပ်ဆောင်မင်းသားချောမြင့်မြတ်ရဲ့ လေးစားစရာပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

pHOTOS - မြင့်မြတ်ထက်အောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။