VX nerve agent မြောက်ကိုရီးယားရဲ့ အာရုံကြောအဆိပ်

မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ အဖေတူအမေကွဲညီအကိုတော်သူ ကင်-ဂျုံ-နမ်းဟာ မလေးရှားနိုင်ငံမှာ ၁၃-၂-၂ဝ၁၇ နေ့က လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ သေဆုံးသူရဲ့ မျက်နှာမှာတွေ့ရှိရတဲ့ အဆိပ်ဟာ VX nerve agent အဆိပ် ဖြစ်တယ်လို့ မလေးရှားရဲတပ်ဖွဲ့ အဆိပ်အတောက်ဌာနက ထုတ်ဖေါ်ပြောလိုက်ပါတယ်။

VX nerve agent အဆိပ်ဆိုတာဘာလဲ

လူအမြောက်အများကို WMD သေစေနိုင်တဲ့အဆိပ်လက်နက်လို့ ကုလသမဂ္ဂကသတ်မှတ်ထားတာပါ။ ပယင်းရောင် ရှိတယ်။ အဆီရေဖြစ်တယ်။ အရသာမမရှိ။ အနံ့မရှိ။ အဆိပ်နဲ့ထိရင် အရေပြားကနေ သွေးထဲရောက်မယ်။ အာရုံကြော အချက်ပေးမှုကို ဖျက်ဆီးမယ်။ အရေပြားပေါ်မှာ တစက်ကျတာနဲ့ မိနစ်ပိုင်းအတွင်း သေဆုံးနိုင်တယ်။ အဆိပ်ကနည်းရင် မျက်လုံးတွေနာမယ်။ အမြင်အားနည်းမယ်။ အိပ်ခြင်မယ်။ အန်မယ်။ ဖြန်းဆေးလည်းရှိတယ်။ အငွေ့လည်းရှိတယ်။ ရေနဲ့ အစားအသောက်ထဲမှာ ခပ်နိုင်တယ်။ စိုက်ပျိုးထွက်ကုန်တွေကိုလည်း အဆပ်သင့်စေနိုင်တယ်။ မျိုချလို့ဖြစ်ဖြစ် အငွေ့ရှူလို့ဖြစ်ဖြစ် အရေပြားပေါ်တင်လို့ဖြစ်ဖြစ် မျက်စိထဲခပ်လို့ဖြစ်ဖြစ် ကိုယ်ထဲရောက်တယ်။ အဝတ်အစားပေါ် တင်ပေးထားရင် မိနစ် ၃ဝ ကြာရှိနေမယ်။ ဓါတုအခေါ်က S-2 Diisoprophylaminoethyl methylphosphonothiolate ဖြစ်တယ်။ ဒီအဆပ်ကို ၁၉၉၃ ကတည်းက တားမြစ်ထားတယ်။

လူသတ်မှုအတွက် မလေးရှားက မြောက်ကိုရီးယားကို စွပ်စွဲချက်မလုပ်ပေမယ့် ထင်ကြေးတွေက မြောက်ကိုရီးယား လက်ချက်လို့ ညွှန်ပြနေပါတယ်။ အမျိုးသမီးနှစ်ယောက်ကို ကွာလာလမ်ပူလေဆိပ် စီစီတီဘီထဲမှာ သူနဲ့အတူ မြင်ခဲ့ရတယ်။ တယောက်က သေဆုံးသူရဲ့မျက်နှာကို ပွတ်ပေးနောနဲ့ ခဏနေတော့ လက်သွားဆေးတာ တွေ့ရပါတယ်။ သူတို့ကို ဖမ်းထားပြီးပါပြီ ကွာလာလမ်ပူမှာရှိတဲ့ မြောက်ကိုရီးယားသံရံ0ုးကနဲ့ လေကြောင်းလိုင်းက ကတာဝန်ရှိသူတချို့ကိုလည်း စစ်ဆေးချင်နေတယ်။ မြောက်ကိုရီးယားလူမျိုးတယောက်ကိုလည်း ဖမ်းထားပါတယ်။

သေဆုံးသူဟာ ကွယ်လွန်သွားတဲ့ ကင်-ဂျုံ-အီးလ်ရဲ့ အရိုက်အရာကို ဆက်ခံဘို့အလားအလာရှိခဲ့သူဖြစ်ပါတယ်။

၁၉၈၃ ခုနှစ် အောက်တိုဘာ (၉) ရက်နေ့တုန်းက ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ တောင်ကိုရီးယား သမတ

ချန်ဒူးဝှမ်ကို လုပ်ကြံဘို့ ဗုံးခွဲတာလည်း မြောက်ကိုရီးယားလက်ချက်ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။