ဖွေးဖွေးဟာ ယနေ့ခေတ် မင်းသမီးတွေထဲမှာတော့ ပရိသတ်တွေ ချစ်တာကို အခံရဆုံး မင်းသမီးလေးဖြစ်ပါတယ်။ သူမရဲ့ ပွင့်လင်းမှုတွေ ဟန်မဆောင်တတ်မှုတွေကြားမှာ သူမရဲ့ ပရိသတ်တွေ ကြွေ ခဲ့ရတာပါ။ ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ ကိုယ်လုပ်ချင်တာ ကို ပျော်ပျော်ကြီးလုပ်တတ်တဲ့ အမြဲ သစ်လွင် နေတဲ့ ဖွေးဖွေးဆိုလဲမမှာပါဘူး။

ဖွေးဖွေး ဟာ သူမရဲ့ ခန္ဓာကိုယ်နှင့် ပတ်သက်ပြီး ဝေဖန်မှုတွေ ကြုံတွေ့ရသော်လည်း သူမအနေနှင့် ဂရုစိုက်လေ့မရှိပါဘူး။ ဖွံ့ဖွံ့ထွားထွားပဲ ကြိုက်တယ်ဆိုတဲ့ သူမဟာဒီတစ်ခေါက်မှာတော့ ဝိတ်ချ နေရပါတယ်ဆိုပြီး အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။ အနုပညာကို ဝါသနာပါပြီး အကယ်ဒမီ ရထားတဲ့ မင်းသမီးတစ်ယောက်အနေနှင့် ဝတာပဲ ကြိုက်တဲ့ သူမ ဝိတ်ချရတဲ့ အကြောင်းအရင်းကတော့ 'ရွှေကြာ' ဆိုတဲ့ ဇာတ်ကားကြောင့်ပါတဲ့။

ထိုဇာတ်ကားဟာ စာရေးဆရာမ 'ပုညခင်' ရဲ့ 'အရှေ့တံခါးအဝင်' ဆိုတဲ့ ခန္ဓာကိုယ်ကိုရင်းပြီး လုပ်ကိုင်စားသောက်ရတဲ့ မိန်းကလေးတွေရဲ့ အကြောင်း ကို ရေးဖွဲ့ထားတဲ့ ဝတ္ထုဖြစ်ပါတယ်။ ထိုဇာတ်ကားရဲ့ ဒါရိုက်တာ ဝိုင်း က ရွှေကြာဆိုတဲ့ ကာရိုက်တာ အတွက် ဝိတ်ချခိုင်းတာဖြစ်တယ်လို့သိရပါတယ်။ ဝိတ်ချတာ ၁၄ ပေါင်လောက်ကျသွားပြီ ဖြစ်ပြီး 'ဖွေး ရွှေကြာလိုမိန်းကလေးမျိုးကို ကိုယ်ချင်းစာတယ်။ မနက်ဖြန် (ဖေဖော်ဝါရီ ၂၄) မှာ PSI နှင့် ချိတ်ပြီးရွှေကြာလိုမိန်းကလေးတွေ နှင့် သွားတွေ့မယ်' လို့ဆိုခဲ့ပါတယ်။

Source : 7daysnews

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။