မန်ယူအသင်းဟာ ယခုမနက်အစောပိုင်းယှဉ်ပြိုင်ကစားခဲ့တဲ့ EFL Cup ပွဲစဉ်မှာ ဒါဘီကောင်တီ အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ထွက်ခွာခဲ့ရပြီး ဒီပွဲမှာ ပေါ့ဘာ မပါဝင်ခဲ့ပါဘူး။ မော်ရင်ဟိုက ပေ့ါဘာကို အသင်းခေါင်းဆောင်လက်ပတ် ဝတ်ဆင်စေမှာမဟုတ်ဘူးလိုပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ပေါ့ဘာဟာ ယခုရာသီအစပိုင်း ပွဲစဉ် (၃)ပွဲမှာ ဗလင်စီယာ မပါဝင်နိုင်တဲ့အချိန် အသင်းခေါင်းဆောင် တာဝန်ကို ယူထားတာလည်းဖြစ်ပါတယ်။ 

မော်ရင်ဟိုက Sky Sports ကိုပြောကြားခဲ့ရာမှာ – “ ပေါ့ဘာကို ဒုတိယအသင်းခေါင်းဆောင်အနေနဲ့ ဆက်လက်တာဝန်ယူစေတော့မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ကြားဘာပြဿနာမှမရှိပါဘူး။ သူ့ကို ဒုတိယအသင်းခေါင်းဆောင်အဖြစ်သတ်မှတ်ခဲ့တာလည်း ကျွန်တော်ပါပဲ။ ဒါက ရှင်းပြနေစရာမလိုတဲ့ ဆုံးဖြတ်ချက်ပါပဲ။ ” လို့ ဆိုပါတယ်။ 

ပေါ့ဘာဟာ မနေ့ကပဲ မန်ယူအသင်းအနေနဲ့ အိမ်ကွင်းပွဲစဉ်တွေမှာ တိုက်စစ် ကိုအသားပေးကစားသင့် ကြောင်းထောက်ပြခဲ့ပါသေးတယ်။ ဒါတွေဟာ မော်ရင်ဟိုရဲ့ နည်းစနစ်ကို မေးခွန်းထုတ်လိုက်ရာလည်းရောက်ပါတယ်။မီဒီယာတွေရဲ့ဖော်ပြချက်မှာတော့ ပေါ့ဘာဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မန်ယူအသင်းကနေ ထွက်ခွာဖြစ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ 

source: fox sportasia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။