လူတိုင်းအကျင့်တစ်ခုခုတော့ ရှိကြပါတယ်။ကောင်းတဲ့အကျင့် ဆိုးတဲ့အကျင့် ဆိုပြီးရှိကြတဲ့အနက် ကိုယ်ပြုမှု လိုက်တဲ့ အကျင့်လေးတစ်ခုက ကိုယ်အတွက်ထိခိုက်စေတယ်ဆိုရင်တော့ အဲဒီအကျင့်ဆိုးကို ဖယ်ရှား ဖို့သင့်ပါတယ်။ခုဖော်ပြပေးသွားမှာကတော့ ကျန်းမာရေးအတွက် ကောင်းတဲ့အကျင့်လေးတွေကို ကျင့်ပြီး မကောင်းတဲ့ အကျင့်လေးတွေကို ဖယ်ရှားဖို့ပါ။ ပထမဆုံးအနေနဲ့ လူတိုင်းတော့ မဟုတ်ပေမဲ့ နံနက်စား စားတဲ့ အကျင့်ကို ရှိကိုရှိရပါမယ်။ နံနက်စာမစားတဲ့အခါ စွမ်းဆောင်ရည်တွေကျလာမယ်၊ သွေးကြောထဲမှာ သကြား ဓာတ်တွေ လျော့နည်းလာပြီး မောပန်းခြင်း၊ ခေါင်းကိုက်ခြင်းတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် နံနက်စာကို စား ဖြစ်အောင်စားပါ။

ပြီးတော့ ဘာပဲစားစား စားပြီးတိုင်း ရေသောက်ပေးပါ။စားကောင်းတယ်ဆိုတိုင်း အစားကို နင့်ကန်အောင် မစားပါနဲ့ အစာအိမ်ဒဏ်ဖြစ်ပြီ အစားချေဖျက်မှုကို နှေးကွေးစေပါတယ်။ လူတိုင်းမနက်မှာ လက်ဖက်ရည်သောက် တတ်ကြပါတယ်။ ဒါပေမဲ့ ခါးတူးနေအောင်တော့ မသောက်ကြပါနဲ့ အကျရည်ဟာ အစာခြေဖျက်မှုကို အဟန့်တားဖြစ်စေပြီး ညလည်း အိပ်ပျော်ဖို့ ခက်ခဲပါလိမ့်မယ်။အရက်ကိုလည်း အလွန်အကျွံ မသောက်ပါနဲ့ အရက်သောက်ခြင်းကြောင့် အိုးမင်းရင့်ရော်ခြင်းကို စောစီစွာ ရောက်ရှိစေပါတယ်။

အလွန်အကျွံလည်းမအိပ်ပါနဲ့ စွမ်းရည်တွေကျဆင်းလာပြီး နှလုံးလေဖြတ်ခြင်းတွေဖြစ်ပေါ်ခံစားရတတ်ပါတယ်။ အစာစားပြီးတိုင်း သွားတိုက်ရမယ်ဆိုပေမဲ့ အချိန်ကြာကြာ သွားတိုက်ခြင်းကို ရှောင်ကြည်ရပါမယ်၊ လမ်းအရမ်းလျောက်ရင်လည်းမကောင်းပါဘူး။အရိုးတွေပျက်စီးစေပါတယ်။ တစ်နေ့ကို နာရီဝက် လျောက်ရင် သင့်တော်ဆုံးပါပဲ။ကဲ ဒါလေးတွေကို ရှောင်ကြည်လိုက်ရင်ကျန်းမာရေးကောင်းစေတဲ့အပြင် အစာချေနှုန်းလည်း ကောင်းသွားမှာမို့ ဒီလိုအကျင့်ဆိုးတွေ၇ှိရင် အမြန်ဖယ်ရှားကြစို့နော်။

Source: Jolly 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။